
သမ္မတဟောင်း
ဦးသိန်းစိန်သည် အရှေ့အာရှ နိုဗယ်ဆုဟု တင်စားသော အာရှကော့စမိုပိုလီတန်
(Asia Cosmopolitan Award) ဆုကို ဇန်န၀ါရီ ၁၅ ရက်တွင် ဂျပန်နိုင်ငံ
နာရမြို့သို့ သွားရောက်၍ လက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး အားထုတ်မှု တွင် ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် ဦးသိန်းစိန်အား အာဆီယံနှင့် အ ရှေ့အာရှ စီးပွားရေးဆိုင်ရာ သု တေသနဌာန (ERIA)က ဆုချီး မြှင့်ခြင်းဖြစ်ပြီး ဆုသုံးမျိုးအနက် အထူးဆု (The Grand Prize)ကို ရရှိခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ နိုင်ငံကို မျိုး ဆက်သစ်တွေအတွက် ကောင်း မွန်တဲ့အနာဂတ်ဖန်တီးဖို့၊ အာရှ ကို အကျိုးစီပွားမျှဝေနိုင်တဲ့ ဖွံ့ဖြိုး တဲ့နိုင်ငံဖြစ်ဖို့နဲ့ ငြိမ်းချမ်းပြီး ချမ်း သာကြွယ်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်ပါတယ်’’ဟု ဦးသိန်းစိန် က ဆုလက်ခံရယူရာတွင် ထည့် သွင်းပြောကြားကြောင်း ERIA က သတင်းထုတ်ပြန်သည်။
အာရှကော့စမိုပိုလီတန်ဆု ၏ ကျန်ဆုနှစ်မျိုးကို ဂျပန်နိုင်ငံ သား ပါမောက္ခမာဆာဟီဆာဖူဂျီ တာက စီးပွားရေးနှင့် လူမှုသိပ္ပံ ဆိုင်ရာ ထူးချွန်ဆုကိုလည်း ကောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသား မစ္စတာ ဟာမန်းဗန်ရွန်ပေးက ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်ဆုကို လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဦးသိန်းစိန်သည် အာရှကော့ စမိုပိုလီတန်ဆု၏ အထူးဆုကို တတိယမြောက်ရရှိသူဖြစ်ပြီး ၎င်း၏ရှေ့တွင် ဒုတိယမြောက်အဖြစ် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းက ရရှိခဲ့သည်။
အာရှကော့စမိုပိုလီတန်ဆု များကို ၂၀၁၂ က စတင်ပေးအပ်ခဲ့ပြီး ၂၀၁၂ တွင်လည်းကောင်း၊ ၂၀၁၄ တွင်လည်းကောင်း ချီးမြှင့် ခဲ့ရာ ဦးသိန်းစိန်၊ ပါမောက္ခမာဆာဟီဆာဖူဂျီတာနှင့် မစ္စတာဟာမန်းဗန်ရွန်ပေးတို့က ၂၀၁၆ အတွက် ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး အားထုတ်မှု တွင် ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် ဦးသိန်းစိန်အား အာဆီယံနှင့် အ ရှေ့အာရှ စီးပွားရေးဆိုင်ရာ သု တေသနဌာန (ERIA)က ဆုချီး မြှင့်ခြင်းဖြစ်ပြီး ဆုသုံးမျိုးအနက် အထူးဆု (The Grand Prize)ကို ရရှိခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ နိုင်ငံကို မျိုး ဆက်သစ်တွေအတွက် ကောင်း မွန်တဲ့အနာဂတ်ဖန်တီးဖို့၊ အာရှ ကို အကျိုးစီပွားမျှဝေနိုင်တဲ့ ဖွံ့ဖြိုး တဲ့နိုင်ငံဖြစ်ဖို့နဲ့ ငြိမ်းချမ်းပြီး ချမ်း သာကြွယ်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်ပါတယ်’’ဟု ဦးသိန်းစိန် က ဆုလက်ခံရယူရာတွင် ထည့် သွင်းပြောကြားကြောင်း ERIA က သတင်းထုတ်ပြန်သည်။
အာရှကော့စမိုပိုလီတန်ဆု ၏ ကျန်ဆုနှစ်မျိုးကို ဂျပန်နိုင်ငံ သား ပါမောက္ခမာဆာဟီဆာဖူဂျီ တာက စီးပွားရေးနှင့် လူမှုသိပ္ပံ ဆိုင်ရာ ထူးချွန်ဆုကိုလည်း ကောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသား မစ္စတာ ဟာမန်းဗန်ရွန်ပေးက ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်ဆုကို လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဦးသိန်းစိန်သည် အာရှကော့ စမိုပိုလီတန်ဆု၏ အထူးဆုကို တတိယမြောက်ရရှိသူဖြစ်ပြီး ၎င်း၏ရှေ့တွင် ဒုတိယမြောက်အဖြစ် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းက ရရှိခဲ့သည်။
အာရှကော့စမိုပိုလီတန်ဆု များကို ၂၀၁၂ က စတင်ပေးအပ်ခဲ့ပြီး ၂၀၁၂ တွင်လည်းကောင်း၊ ၂၀၁၄ တွင်လည်းကောင်း ချီးမြှင့် ခဲ့ရာ ဦးသိန်းစိန်၊ ပါမောက္ခမာဆာဟီဆာဖူဂျီတာနှင့






0 comments:
Post a Comment