ကိုရီးယားသမ္မတနိုင်ငံရှိ
Korea Foundation for Advanced Studies (KFAS) မှ International Scholar
Exchange Fellowship ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အာရှပညာသင်ဆု ၃၄ ဆုအား
ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း UMFCCI စာမျက်နှာမှ သိရသည်။
အဆိုပါပညာသင်ဆုကို ဒေါက်တာဘွဲ့ရရှိပြီးသူများလျှောက်ထားနိုင်ပြီး
ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ သို့မဟုတ် သုတေသနအဖွဲ့အစည်းများ၌ ၁
နှစ် သို့မဟုတ် ၆ လ သုတေသနပြုလုပ်ရမည် ဖြစ်ပြီး သုတေသနပြုလုပ်သူများအတွက်
အသွား/အပြန်လေယာဉ်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ သုတေသန ပြုလုပ်ရမည့်
ထောက်ပံ့ကြေး၊ စာတမ်းအတွက်လိုအပ်သည့် အထောက်အပံ့များနှင့်
ထိခိုက်မှုအာမခံကြေးစသည့် ကုန်ကျစရိတ်များကို (KFAS) မှ ထောက်ပံပေးသွားမည်
ဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် ဖုန်း - ၀၁-၂၃၁၄၃၄၄~၄၉၊ လိုင်းခွဲ နံပါတ် ၁၁၈၊
၁၄၀ သို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ ရက် နောက်ဆုံးထား၍
လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Credit:Internetjournal
သီဟထိုက်
www.thihahtike.com
0 comments:
Post a Comment