Facebook နဲ့ ယှဉ်ပြိုင်မယ့် in-app messaging ကို YouTube စမ်းသပ်နေ

 

Google ပိုင်ဆိုင်တဲ့ YouTube video platform ဟာ iOS နဲ့ Android အတွက် in-app messaging feature သစ်တစ်မျိုးကို စမ်းသပ်နေတယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။ ဒီ feature သစ်ကို သုံးစွဲသူတွေဟာ ဗီဒီယိုတွေ၊ စာသားတွေနဲ့ link တွေကို app ကနေ ထွက်စရာမလိုဘဲ အပြန်အလှန် ပေးပို့နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒီ feature ကို ကနေဒါမှာပဲ အသုံးပြုလို့ရပါသေးတယ်။ ကနေဒါနိုင်ငံသားတွေက အခြားနိုင်ငံကသူတွေထက် ဗီဒီယိုကို ပိုမိုဝေမျှတာကြောင့် ကနေဒါမှာ စမ်းသပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ Google ထုတ်ကုန်မန်နေဂျာ ရှီရစ်ဘန်ယဲက ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ အဲ့ဒီ feature ကို သုံးစွဲသူအားလုံးထံ ဖြန့်ချိသွားဖို့ Google က စီစဉ်ထားခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
 
Ref: TNW

သီဟထိုက်
www.thihahtike.com

0 comments:

Post a Comment