ထိုင်ဝမ်ကနေ ထွက်ပေါ်လာတဲ့ သတင်းများအရ HTC ဟာ အရွယ်ကြီး စမတ်ဖုန်း
အသစ်တစ်လုံးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ HTC Ocean Note လို့
အမည်ပေးထားပြီး မျက်နှာပြင်အရွယ်အစားဟာ ၅.၅ လက်မနဲ့ ၅.၇ လက်မအကြားမှာ
ရှိမှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ HTC Ocean Note ရဲ့
အရှေ့ဘက်မှာ Physical Button များ မပါရှိပါဘူး။ 3.5mm Audio Jack ကိုလည်း
ဖယ်ရှားထားပါတယ်။
HTC Ocean Note မှာ ထူးခြားတဲ့ စွမ်းဆောင်ချက် ၂ ခု ပါလာမှာ ဖြစ်ပြီး တစ်ခုမှာ Samsung Galaxy S7 Edge လို မျက်နှာပြင်ငယ်တစ်ခု အပိုပါလာမှာ ဖြစ်ပါတယ်။ အခြား တစ်ခုမှာ ကင်မရာ ဖြစ်ပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။
HTC Ocean Note ကို အရောင်သုံးမျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ MediaTek Chipset မောင်းနှင်မှာလို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment