MPT မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်းနဲ့ MPT
သုံးစွဲသူ(၂၁)သန်းကျော်အား အသိအမှတ်ပြုတဲ့ အနေဖြင့် ၂၀၁၇ခုနှစ်၊
ဇန်နဝါရီလ(၁)ရက်နေ့မှ(၄)ရက်နေ့အတွင်း
ငွေဖြည့်သူများ အတွက်အထူးပရိုမိုးရှင်းအဖြစ် (၅၀)ရာခိုင်နှုန်းအထိရရှိမယ့်
ငွေဖြည့်လက်ဆောင်များပေးအပ်သွားမယ်လို့ သိရပါတယ်။
MPT မှ GSM /WCDMA/ CDMA အသုံးပြုသူများအနေနဲ့ ပရိုမိုးရှင်းကာလအတွင်း ငွေဖြည့်ကတ်၊ E-Top-up၊ Bank Top-up၊ Red-Dot တို့နဲ့ငွေဖြည့်သွင်းခြင်းဖြင့် ငွေဖြည့်လက်ဆောင်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါငွေဖြည့်လက်ဆောင်များကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ Pay-As-you-Go စနစ်ဖြင့်အင်တာနက်သုံးစွဲရာမှာ အသုံးပြုနိုင်ပြီး ရရှိထားတဲ့ငွေဖြည့်လက်ဆောင်များကို အခြားဖုန်းများ ကို ငွေလွှဲပြောင်းပေးခြင်း မရဘူးလိုလည်းသိရပါတယ်။
MPT ရဲ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပရိုမိုးရှင်းအစီအစဉ်မှာရရှိတဲ့ ငွေဖြည့်လက်ဆောင်များ အားလုံးကို ငွေဖြည့်သွင်းချိန်မှစတင်ပြီး နောက်ထပ် (၅)ရက်အတွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

www.pyaephyo.com
0 comments:
Post a Comment