မကွေးမြို့တွင် Ooredoo ၏ 4G ကွန်ရက် စတင်အသုံးပြုနိုင်ကြောင်း သိရသည်။
ဇန်နဝါရီလ ၉ ရက်မှစတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ “မကွေးမြို့မှာ တက္ကသိုလ်တွေ အများကြီးဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ လူငယ်တွေကို အွန်လိုင်းကတစ်ဆင့် ဗဟုသုတတွေတိုးပွားအောင် လေ့လာစေလိုပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ အူရီဒူးရဲ့ 4G ကွန်ရက်ကို အသုံးချပြီး စီးပွားရေးအခွင့်အလမ်းကောင်းတွေ၊ လုပ်ငန်းလုပ်ကိုင်ဖို့ အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်ဆက် ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း အူရီဒူးအနေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို ထပ်မံတိုးချဲ့ပေးသွားမှာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford က ပြောကြားသည်။
မကွေးမြို့တွင် စတင်ဝန်ဆောင်မှုပေးအပ်ကြောင်းနှင့် 4G ကွန်ရက်မိတ်ဆက်ပွဲအခမ်းအနားကို မကွေးမြို့တွင် ယနေ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Credit Internetjuouranl.media
သီဟထိုက်
www.thihahtike.com

0 comments:
Post a Comment