လက်ရှိမိုဘိုင်းဖုန်းလောကမှာ နောက်ဆုံးပေါ်အနေနဲ့ သုံးစွဲနေကြတဲ့ Snapdragon
မျိုးဆက် 821 ထက် ဆယ်ဆ ပိုမို မြန်ဆန်ပြီး
တုန့်ပြန်မှုနှုန်းအားကောင်းလွန်းတဲ့ မျိုးဆက်သစ်ပရိုဆက်ဆာတွေကို
ထုတ်လုပ်ပေးမယ် လို့ Qualcomm က အာမခံပြောကြားလိုက်ပါတယ်။
.
Snapdragon ပရိုဆက်ဆာတွေကို Qualcomm ကုမ္ပဏီ က တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Quad-core Snapdragon 610 နဲ့ eight-core 615 တွေကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် ၊ ဖေဖော်ဝါရီလ က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ Snapdragon 821 မျိုးဆက်ကို Google Pixel, ASUS Zenfone 3 Deluxe, OnePlus3T,Xiaomi Mi Max စတဲ့ဖုန်းတွေ မှာ သုံးစွဲထားတာတာကို တွေ့ရမှာဖြစ်ပါတယ်။ အခု အသစ်ထုတ်လုပ်မယ့် ပရိုဆက်ဆာ မျိုးဆက် က Snapdragon 835 ပဲ ဖြစ်ပါတယ်။ 2017 ခုနှစ်ထဲမှာ မိုဘိုင်းဖုန်းဝယ်ယူမယ် ဆိုရင် Qualcomm Snapdragon 835 ပရိုဆက်ဆာကို စောင့်ဆိုင်းပြီးမှ ၀ယ်ယူကြဖို့ လေ့လာသုံးသပ်သူတွေနဲ့ မိုဘိုင်းပညာရှင်တွေက အကြံပေးထားပါတယ်။
.
Snapdragon 835 ဟာ မိုဘိုင်းဖုန်းတစ်ခုကို စွမ်းရည်အပြည့်အ၀ ထုတ်ယူရင်း၊ အမှန်တကယ် သုံးစွဲမယ်ဆိုရင် ၁ ရက်ထက်ပိုပြီး သုံးစွဲမှုခံနိုင်ရည်ရှိစေမှာ ဖြစ်ပြီး ၄ နာရီစာ ဖုန်းသုံးစွဲမှုအတွက် ၄ မိနစ်လောက်သာ အားပြန်လည် ဖြည့်သွင်းပေးရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
.
Snapdragon 835 ဟာ မိုဘိုင်းဖုန်းတွေအတွက်သာမကဘဲ VR ဟန်းဆက်တွေမှာပါ ထည့်သွင်းသုံးစွဲနိုင်စေဖို့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် Qualcomm ရဲ့ Kryo 280 CPU သာ မကပဲ တခြား VR CPU အများအပြားမှာပါပေါင်းစပ်ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် VR ကို ကြည့်ရှုသုံးစွဲသူဟာ မူလထက် ၂၅ ရာခိုင်နှုန်း ပိုပြီ မြန်နှုန်းအားကောင်း လာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် VR ဟာ ပြင်ပလူနေမှုဘ၀ နဲ့ ပိုပြီးတော့ နီးစပ်လာစေမှာ ဖြစ်ပါတယ်။
တကယ်လို့ ပရိုဆက်ဆာ အသစ် ကို မိုဘိုင်းဖုန်းထည့်သွင်းပြီး အလုပ်လုပ်ဆောင်စေမယ် ဆိုပါက 4K ဗွီဒီယို တစ်ခု ကို အရင်ကထက် ပိုပြီး တည်တည်ငြိမ်ငြိမ် ကြည့်ရှုနိုငမှာ ဖြစ်ပြီး ဓါတ်ပုံတွေကို အလိုအလျှောက် Focus ဖြတ်စေနိုင်တဲ့အထိ ရုပ်လုံးကြွ အရည်သွေး မြင့်တက်လာမယ် လို့ ဆိုပါတယ်။
Credit to ==> Digital Times.

www.pyaephyo.com
0 comments:
Post a Comment