ကိုယ်ထည်ပိုင်းကိုအရည်အသွေး ကောင်းမွန်သော
သတ္တုဖြင့် လှပသေသပ်စွာ ဖန်တီးတည်ဆောက်ပေး ထားပြီး ဆန်းသစ် သောဒီဇိုင်းနှင့်
အဆင့်မြင့် နည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးပေးထားတဲ့ Xiaomi Mi 5S
smartphone ဖြစ်ပါတယ်။ Screen size 5.15" ရှိသဖြင့် မျက်နှာပြင်ကျယ်ကျယ်
အသုံးပြု နိုင်မှာဖြစ်ပါတယ်။
Resolution (1920x1080) IPS Capacitive Touch Screen ကို အသုံးပြုပေးထားသောကြောင့် အရည်အသွေးကောင်းမွန်သော ဗီဒီယိုဖိုင်များကိုကြည့်ရှု နိုင်မှာဖြစ်ပါတယ်။
ဖုန်း၏ မျက်နှာပြင်ကို ပိုမိုအကြမ်းခံ စေရန် 2.5D အထူရှိသော Scratch
Resistant ဖြင့် ဖုံးအုပ်ကာကွယ် ပေးထား သဖြင့် အစင်းရာ၊
အခြစ်ရာများဖြစ်ပေါ်မှုမှ ကင်းဝေးစေပါတယ်။ ကင်မရာပိုင်း တွင် Sony ရဲ့
နည်းပညာတစ်ခုဖြစ်တဲ့ IM378 CMOS ကို အသုံးပြု ပေးထား သဖြင့် အရည်အသွေး
ကောင်းမွန်တဲ့ပုံရိပ်တွေကို သဘာဝကျကျရိုက်ကူး သိမ်းဆည်းထားနိုင်မှာဖြစ်ပါ တယ်။
ကင်မရာ အနေဖြင့် အနောက်ကင်မရာ 12MP နှင့် အရှေ့ကင်မရာ 4MP ကို
အသုံးပြုပေးထားပါတယ်။
Dual-tone led flash ကြောင့် ပုံရိပ်တွေကို ပိုမိုပြတ်သားထင်ရှားစွာရနိုင် ပါလိမ့်မယ်။
2160p video တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။ လုံခြုံရေး
ဆိုင်ရာ အချက် အလက်တွေ၊ Application တွေနဲ့ စီမံခန့်ခွဲမှုတွေကို
မြန်မြန်ဆန်ဆန် အသုံးပြု နိုင်စေဖို့နဲ့ ဘက်ထရီချွေတာမှုကို အပြည့်အဝ
ထောက်ပံ့ပေးနိုင်ဖို့အတွက် Software ပိုင်းတွင် Xiaomi ရဲ့
ကိုယ်ပိုင်နည်းပညာဖြစ်သော MIUI 8.0 ကို အသုံးပြု ပေးထားပါတယ်။ Android OS
အနေဖြင့် 6.0.1 (Marshmallow) ကို အသုံးပြုပေးထားပါတယ်။ Processor အနေဖြင့်
Qualcomm® Snapdragon™ 821 (2.15 Quad-Core) ကို အသုံးပြုပေးထားတဲ့အတွက်
လုပ်ဆောင်ချက်ပိုင်းတွင် ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။
ဂိမ်းတွေကစားနိုင်စေဖို့ ဂရပ်ဖစ်ပိုင်းဆိုင်ရာအတွက် Adreno 530 နဲ့ ထပ်ပိုး ထောက်ပံ့ပေးထားပါသေးတယ်။ သိုလှောင်မှုအနေဖြင့် 64GB ကို သုံးပေး ထားပါတယ်။ SD card ထပ်မံ ထည့်သွင်းလို့တော့မရနိုင်ပါ ဘူး။
အချက် အလက် များကူးပြောင်းရန် RAM 3GB ကို ထည့်သွင်းပေးထားပါတယ်။
လုံခြုံရေးအနေဖြင့် Finger Print Scanner ကို ထည့်သွင်း ပေးထားပါတယ်။
Dual-Sim ထည့်သွင်းအသုံးပြုနိုင်မြှာ ဖစ်ပြီး အခြား ကွန်ရက်ချိတ်ဆက်မှုတွေ အတွက် Cat.12 4G LTE (600Mbps); Dual-SIM; Wi-Fi a/b/g/n/ ac;
Bluetooth 4.2; NFC; GPS, တို့ကို သုံးနိုင်မှာဖြစ်ပါတယ်။ Battery
အနေဖြင့် Li-Ion 3200 mAh ကို သုံးပေးထားတဲ့အတွက်
အချိန်ကြာကြာအသုံးပြုနိုင် မှာဖြစ်ပါတယ်။ အားသွင်းမြန်ဆန်စေဖို့အတွက်လည်း
fast charging စနစ်ကို ထည့်သွင်း ပေးထားပါသေးတယ်။ မိနစ် ၃၀ကြာ
အားသွင်းရုံနဲ့ ၈၃ ရာခိုင်နှုန်း လောက်ကို ရရှိနိုင်မှာပါ။
အရောင်ကာလာအနေဖြင့် Gold တစ်မျိုးတည်းသာ ရရှိမှာဖြစ်ပါတယ်။ဈေးနှုန်း မှာ 365,000 ks ၀န်းကျင်ရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Resolution (1920x1080) IPS Capacitive Touch Screen ကို အသုံးပြုပေးထားသောကြောင့် အရည်အသွေးကောင်းမွန်သော ဗီဒီယိုဖိုင်များကိုကြည့်ရှု
Dual-tone led flash ကြောင့် ပုံရိပ်တွေကို ပိုမိုပြတ်သားထင်ရှားစွာရနိ
ဂိမ်းတွေကစားနိုင်စေဖို့ ဂရပ်ဖစ်ပိုင်းဆိုင်ရာအတွက် Adreno 530 နဲ့ ထပ်ပိုး ထောက်ပံ့ပေးထားပါသေးတယ်။ သိုလှောင်မှုအနေဖြင့် 64GB ကို သုံးပေး ထားပါတယ်။ SD card ထပ်မံ ထည့်သွင်းလို့တော့မရနိုင်ပါ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment