တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ZTE Blade V8 ရဲ့ သတင်းအချက်အလက်များ
အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Blade V8 မှာ အနောက်ဘက် ကင်မရာ ၂
လုံးကို တပ်ဆင်ထားတာက ထူးခြားမှု ဖြစ်ပါတယ်။ CES မှာ ZTE က အဲဒီဖုန်းကို
မိတ်ဆက်မှာ ဖြစ်ပါတယ်။
ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ ZTE Blade V8 မှာ ၅.၂ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပြီး 2.5D Glass ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM , 32GB Internal Storage ထည့်သွင်းထာပါတယ်။
အနောက်ဘက်မှာ 13MP Camera နဲ့ 2MP Camera ကို ပူးတွဲတပ်ဆင်ထာပါတယ်။ ၇.၇ မီလီမီတာ အထူ ရှိပါတယ်။ Android Nougat ကို ZTE MiFavor UI 4.0 ဖြင့် ပေါင်းစပ်ထားပါတယ်။ ၃၉၉ ဒေါ်လာဝန်းကျင် တန်ကြေးရှိမယ်လို့ ကျွမ်းကျင်သူများက သုံသပ်ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment