၁၉၉၈ ဖေဖော်ဝါရီမှာ စတင်တည်ထောင်ခဲ့တဲ့ Mozilla ဟာ ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကို ပထမဆုံးအကြိမ် ပြောင်းလဲပြင်ဆင် ခဲ့ပါတယ်။
အဆိုပါ ပရောဂျက်ကို ၂၀၁၆ ဇွန်လက open source design process တစ်ခုအနေနဲ့ စတင်ခဲ့ပြီး မတူညီတဲ့ ဒီဇိုင်းအမျိုးမျိုးအတွက် အများပြည်သူရဲ့ အကြံပြုချက်ကို တောင်းခံခဲ့ပါတယ်။
အဲ့ဒီနောက် ကုမ္ပဏီက လိုဂိုသစ်ကို တရားဝင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
လိုဂိုအသစ်မှာ Mozilla ရဲ့ “ill” နေရာကို ဝက်ဘ်လိပ်စာတွေရဲ့ပုံစံဖြစ်တဲ့ :// နဲ့ အစားထိုးထားပါတယ်။ ဒါဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့အင်တာနက်ကို ရည်ရွယ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Ref: CNET
Credit Internetjouranl
သီဟထိုက်
www.thihahtike.com

0 comments:
Post a Comment