Nintendo ရဲ့ Fire Emblem Heroes ဂိမ်းကို ဖေဖော်ဝါရီ ၂ ရက်မှာ Android အတွက် ဖြန့်ချိမယ်

 

ဒီနှစ်အစောပိုင်းက iOS အတွက် ဖြန့်ချိပေးခဲ့တဲ့ Super Mario Run ဂိမ်းကို Android အတွက် မတ်လမှာ ဖြန့်ချိသွားမယ်လို့ Nintendo က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် Nintendo ဟာ Fire Emblem Heroes လို့ခေါ်တဲ့ မိုဘိုင်းဂိမ်းသစ်ကိုလည်း မိတ်ဆက်ကြေညာ ခဲ့ပါတယ်။ ဒီဂိမ်းကို ဖေဖော်ဝါရီ ၂ ရက်မှာ Android အတွက် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဂိမ်းဟာ လုံးဝသစ်လွင်ပြီး အနုပညာရှင်များရဲ့ လက်နဲ့ရေးဆွဲ ဖန်တီးမှုများနဲ့အတူ ဇာတ်ကောင်များအတွက် အသံသရုပ်ဆောင် အသစ်များ အသုံးပြုထားတယ်လို့ Nintendo က ဆိုပါတယ်။
ကစားသူများက တိုက်ခိုက်ရန်အတွက် ဇာတ်ကောင်ကို ရန်သူဘက်ထံ ဆွဲရွှေ့ပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။

Nintendo အနေနဲ့ ၂၀၁၇ မတ်လအထိ iOS ဂိမ်း ၅ ခုအထိ ဖြန့်ချိသွားမယ်လို့ ပြီးခဲ့တဲ့နှစ်က ကတိပေးခဲ့ပါတယ်။ လက်ရှိမှာ Miitomo, Super Mario Run တို့ကိုဖြန့်ချိထားပါတယ်။ တတိယတစ်ခုက Fire Emblem Heroes ဖြစ်ပြီး စတုတ္ထဂိမ်းက Animal Crossing ဖြစ်ဖွယ်ရှိပါတယ်။

Fire Emblem Heroes ကို in-app purchase နဲ့အတူ အခမဲ့ ကစားနိုင်မှာပါ။ ဒီဂိမ်းကို Android အတွက် ဖေဖော်ဝါရီ ၂ ရက်မှာ ဖြန့်ချိ သွားမှာဖြစ်ပြီး iPhone နဲ့ iPad အတွက် မကြာမီဖြန့်ချိ သွားမယ်လို့ Nintendo က ကြေညာခဲ့ပါတယ်။

Ref: TheVerge
Credit Internetjouranl
သီဟထိုက်

0 comments:

Post a Comment