♪ Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများတွင် မြန်မာကနံပါတ် ၄ နေရာရှိ ♫


Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှု အမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံတွေထဲမှာ မြန်မာက နံပါတ် ၄ နေရာရှိတယ်လို့ Microsoft က တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်တဲ့ SIR အစီရင်ခံစာအရ သိရပါတယ်။

နံပါတ် ၁ နေရာမှာ ဘင်္ဂလားဒေ့ရှ်၊ နံပါတ် ၂ နေရာမှာ ကမ္ဘောဒီးယား၊ နံပါတ် ၃ နေရာမှ အင်ဒိုနီးရှားနဲ့ နံပါတ် ၄ နေရာမှာ မြန်မာရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူနဲ့ နယူးဇီလန်တို့က အစဉ်လိုက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွင်း မြန်မာနိုင်ငံမှာ Malware နဲ့ တွေ့ကြုံမှုနှုန်းဟာ ပျမ်းမျှ ၂၃.၈% ရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပျမ်းမျှနှုန်းဟာ နိုင်ငံတကာမှာ တွေ့ကြုံရမှု ပျမ်းမျှနှုန်း ၉ % ထက် နှစ်ဆမက ပိုများနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


တစ်ဖက်မှာလည်း စင်ကာပူနဲ့ နယူးဇီလန်တို့လို အာရှပစိဖိတ်မှာ နည်းပညာဖွံ့ဖြိုးမှု မြင့်မားတဲ့ နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထက် ပိုကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ကြတယ်လို့ဆိုထားပါတယ်။ Ransomware ဟာ ၂၀၁၇ ခုနှစ်အတွင်း နာမည်ဆိုးနဲ့ အကျော်ကြားဆုံးသော Malware အမျိုးအစားတစ်ခု ဖြစ်ပြီး Ransomware တိုက်ခိုက်မှု အများစုမှာ ဥရောပမှာ အချိုးမညီ စုစည်းလျက်ရှိတယ်လို့သိရပါတယ်။ အာရှပစိဖိတ် ဒေသရှိ နိုင်ငံအများအပြားမှာတော့ ကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ ကိုရီးယားနိုင်ငံက ချွင်းချက်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ransomware တိုက်ခိုက်ခံရမှု ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူတွေအနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ရမယ့် ဒေသတွေကို ရွေးချယ်ရာမှာ နိုင်ငံရဲ့ GDP၊ ကွန်ပျူတာ အသုံးပြုမှုတွေရဲ့ ပျမ်းမျှအသက်အရွယ်နဲ့ အသုံးပြုနိုင်တဲ့ ငွေပေးချေမှုနည်းလမ်းတွေ အစရှိတဲ့ အချက်အများအပြားကို ထည့်သွင်း စဉ်းစားတတ်ကြ တယ်လို့ သိရပါတယ်။



-ထွန်းထွန်း
Credit to ==> Internet Journal








0 comments:

Post a Comment