♪ " Facebook ၏ Group Video Chat App ဖြစ်သော Bonfire ကို စတင်ဖြန့်ချိ " ♫

Image may contain: 8 people, people smiling, phone

လွန်ခဲ့သောလအနည်းငယ်ခန့်က Facebook သည် သီးခြားအလုပ်လုပ်နိုင်မည့် app တစ်ခုဖြစ်သော group video chat app ကို ဖန်တီးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီမှ အဆိုပါ app ကို စ၍ထုတ်လုပ်ခဲ့ပြီး Bonfire ဟု အမည်ပေးထားခဲ့သည်။

ယခုအခါတွင် Bonfire ကို ဒိန်းမတ်ရှိ iOS သုံးစွဲသူများအတွက်သာ စတင်စမ်းသပ်ပေးနိုင်သေးကြောင်း သိရသည်။ Bonfire သည် video chat ကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လူများစွာပါဝင်လျက် လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်သည်။ ၎င်းသည် Houseparty app ကဲ့သို့ ပုံစံမျိုးဖြစ်ပြီး လူငယ်များကြားတွင် အဆိုပါ app မှာ လက်ရှိကာလတွင် ထင်ရှားလျက်ရှိကြောင်း သိရသည်။

Facebook ၏အဆိုအရ ၎င်းတို့သည် ပစ္စည်းအသစ်များနှင့် ၀န်ဆောင်မှုများကို အမြဲစမ်းသပ်လျက်ရှိပြီး လူများစွာအတွက် video chat သုံးစွဲနိုင်ရန် Messenger အပါအ၀င်အတွက် app များကို စမ်းသပ်ခဲ့သည်။ လူများနည်းပညာသုံးစွဲကြပုံကို စိတ်ဝင်စားစွာလေ့လာခဲ့ပြီး အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခဲ့သည်။

ယခုအခါ ဒိန်းမတ်တွင် စမ်းသပ်မှုတစ်ခုကို Bonfire app နှင့် လုပ်ဆောင်ခဲ့ပြီး ယခုထက်ပို၍ ပြောကြားစရာ မရှိသေးပါဟု Facebook မှ တုံ့ပြန်ပြောကြားသွားခဲ့သည်။ 



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment