♪ “ ဟက်ကာများမှ ထင်ရှားသည့် CCleaner Software အတွင်း အန္တရာယ်ရှိသော Code များ ထည့်သွင်းထားခဲ့ ” ♫

No automatic alt text available.

ကွန်ပျူတာတွင်း အသုံးများကြသော Software ကို ဟက်ကာများမှ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး devices များစွာကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါ Software ကိုထုတ်လုပ်သည့် Piriform မှ ပြောကြားသွားခဲ့သည်။ CCleaner free version သည် တစ်ပတ်လျှင် download ရယူမှု အကြိမ်ရေ သန်းချီရှိကြောင်း သိရသည်။

CCleanercookies များနှင့် junk programs များကို ရှင်းလင်းပေးနိုင်ပြီး ကွန်ပျူတာကို ပိုမိုမြန်ဆန်စေရန် လုပ်ဆောင်ပေးနိုင်သည်။ Piriform ၏ အဆိုအရ လူ 2.27 သန်းသည် infected software ကို သုံးစွဲလျက်ရှိကြောင်း ဆိုထားပြီး စိတ်မပူစေရန်လည်း နှစ်သိမ့်ခဲ့သည်။ ကုမ္ပဏီမှ အလျင်အမြန် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြောင်း သုံးစွဲသူများအတွက် အန္တရာယ်မရှိတော့ဟု ယုံကြည်ကြောင်း ဆိုသွားခဲ့သည်။ အဆိုပါပြဿနာမှာ အမြဲကြုံတွေ့နေရပြီး ပြီးခဲ့သောအပတ်ကပင် Bluetooth device 5 ဘီလီယံမှတစ်ဆင့် malware များကူးစက်နိုင်ကြောင်း တွေ့ခဲ့ရသလို Google Play Store မှလည်း အန္တရာယ်ရှိသည့် app များကို သန်းချီ၍ ဖယ်ရှားခဲ့ရပြီးဖြစ်သည်။

ယခုကိစ္စကြောင့် ယုံကြည်စိတ်ချရသည့် software များမှာပင် အန္တရာယ်ရှိလာကြောင်းကို တွေ့လာရသည်။ Software update မှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်ရာ အန္တရာယ်ကင်းစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ပေးသော update များကိုပင် ယုံရခက်သကဲ့သို့ ဖြစ်လာခဲ့သည်။ သြဂုတ်လအတွင်းက ထုတ်လုပ်ခဲ့သော version နှစ်ခုတွင် ပြဿနာရှိနေခြင်းဟု Avast security software မှ ဆိုသွားခဲ့သည်။ Piriform မှ CCleaner v 5.33.6162 (သို့) v 1.07.3191 ကို install လုပ်ထားသူများအနေဖြင့် ဖျက်ပစ်ပြီး version အသစ်ကို အမြန်ဆုံး download ရယူကြရန် တိုက်တွန်းထားသည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment