♪ FullVision Screen , Dual Cameras များပါတဲ့ Gionee M7 ကို မြန်မာငွေ ၅၇၀ ၀၀၀ ၀န်းကျင်နဲ့ မိတ်ဆက်ပြီ ♫


Gionee က စီစဉ်ထားတဲ့အတိုင်း M7 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ မျက်နှာပြင်အချိုး 18:9 ပါတဲ့ FullVision Screen တပ်ဆင်ထားပါတယ်။ 4000mAh Battery ပါတဲ့အတွက် ဘက်ထရီ သက်တမ်းကောင်းမွန်ပါတယ်။ သြဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ Mediatek Helio P30 ကို ပထမဆုံး ထည့်သွင်းထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

CPU မှာ Cortex-A53 Cores ၈ လုံး တပ်ဆင်ထားပြီး 2.3GHz Core ၄ လုံး ပါပါတယ်။ 6GB RAM, 64GB Internal Storage တပ်ဆင်ထားပြီး 256GB အထိ ၀င်ဆန့်တဲ့ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆.၀၁ လက်မ ဖြစ်ပြီး Resolution မှာ 2160×1080 Pixels ဖြစ်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာမှာ 16MP ဖြစ်ပြီး ဒုတိယ ကင်မရာမှာ 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ LED Flash နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Full Screen Smartphone ဖြစ်တဲ့အတွက် Physical Home Button မပါပါဘူး။ အရှေ့ဘက်မှာ 8MP Camera ဖြစ်ပါတယ်။

Gionee M7 အတွက် အရောင်ငါးမျိုးထုတ်လုပ်ပေးထားပြီး Sapphire Blue, Star Blue, Maple Red, Champagne Gold နဲ့ Black တို့ ဖြစ်ပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၅၇၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm









0 comments:

Post a Comment