♪ “အူရီဒူး၏ မိုဘိုင်းမန်းနီး M-ပိုက်ဆံ ၀န်ဆောင်မှုစတင်” ♫

Image may contain: 3 people, people standing and text

အူရီဒူးမြန်မာ၏ မိုဘိုင်းမန်းနီး M- ပိုက်ဆံဝန်ဆောင်မှုအား စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါ သည်။ ငွေသားကို တန်ဖိုးတူညီသည့် ဒီဂျစ်တယ်ပိုက်ဆံအဖြစ်သို့ ပြောင်းလဲခြင်းကို မြန်မာနိုင်ငံအနှံ့အပြားရှိ M-ပိုက်ဆံကိုယ်စားလှယ်များတွင် ဆောင်ရွက်နိုင်ပါသည်။

အီလက်ထရောနစ် စနစ်အဖြစ်သို့ ပြောင်းလဲပေးထားသောငွေ သည် မူလငွေစက္ကူနှင့်တူညီသောတန်ဖိုး ရှိမည်ဖြစ်ပြီး ၄င်းကို မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများဆီသို့ ချက်ချင်းငွေလွှဲပို့ခြင်းမှအစပြုပြီး အိမ်သုံးစရိတ်များလွှဲပေးခြင်း၊ ဖုန်းငွေဖြည့်ခြင်းအစရှိသည့် အမျိုးမျိုးသော လုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

မိုဘိုင်းငွေကြေးဟု အဓိပ္ပါယ်ဆောင်သည့် M-ပိုက်ဆံ အမည်ဖြင့် စတင်တော့မည့် အူရီဒူး၏၀န်ဆောင်မှု သည် ဖုန်းအတွင်းရှိ ပိုက်ဆံကို မည်သည့်မိုဘိုင်းဖုန်းနံပါတ်သို့မဆို လွှဲပြောင်းပေးနိုင်မည်ဖြစ်ပြီး မည်သည့် M-ပိုက်ဆံ အေးဂျင့်ထံတွင်မဆို ငွေသားထုတ်ယူနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။

ငွေလွှဲရန်အတွက် ဘဏ်သို့သွားရန်မလိုဘဲ မည့်သည့်အချိန်တွင် မဆို ၂၄ နာရီ အချိန်မရွေး ငွေလွှဲနိုင်ပါ သည်။ CB ဘဏ်နှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဘဏ်စာရင်းနှင့်မိုဘိုင်းပိုက်ဆံ အကြား အချိန်နှင့်တစ်ပြေးညီ ငွေလွှဲပြောင်းပေးပို့ခြင်းကို ပြုလုပ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal










0 comments:

Post a Comment