♪ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို မြင်ရဖို့ နီးလာပြီ ♫


Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ Galaxy X စမတ်ဖုန်းကို မြင်ရဖို့ နီးလာပြီ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းများဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ များစွာထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Samsung က အဲဒီ စမတ်ဖုန်းကို Korean National Radio Research Agency (NRRA) မှာ မှတ်ပုံတင်လိုက်တယ်လို့ LetsGoDigital က ပြောပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်ကတော့ SM-G888 ဖြစ်ပါတယ်။ 

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Samsung Galaxy X ဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုး အသုံးပြုနိုင်မယ့် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လက်ရှိမှာ မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းမှာ Samsung ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Exynos 9810 Processor ထည့်သွင်းထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီ Processor ကို FinFET 10nm Architecture ကို အခြေခံ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Samsung က Galaxy X ကို ယခုနှစ် နှောင်းပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းများထွက်ပေါ်နေပေမယ့် ယခုအချိန်အထိ မြင်တွေ့ရခြင်း မရှိသေးပါဘူး။ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Samsung က စားသုံးသူများရဲ့ တုန့်ပြန်မှုကိုလည်း အာရုံစိုက်မှာ ဖြစ်ပြီး အောင်မြင်ရင်တော့ အနာဂတ်မှာ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများစွာကို မြင်တွေ့လာရနိုင်ပါတယ်။ Samsung က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို Project Valley စီမံကိန်းကနေ ဖန်တီးနေတာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm









0 comments:

Post a Comment