♪ “OPPO A37 နှင့် Huawei GR5 ရရှိမည့် အူရီဒူးဓာတ်ပုံပြိုင်ပွဲ” ♫

Image may contain: 1 person, smiling, text

အားလုံးအတွက် အူရီဒူးဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး OPPO A37 နှင့် Huawei GR5 စမတ်ဖုန်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Facebook အကောင့်တစ်ခုစီမှပြိုင်ပွဲတွင် တစ်ကြိမ် ပါဝင်နိုင်မည်ဖြစ်ပြီး အပတ်စဉ် ကြာသပတေးနေ့ ညသန်းခေါင်မတိုင်မီ ဓာတ်ပုံတင်ရမည်ဖြစ် သည်။

မြန်မာနိုင်ငံကို ကိုယ်စားပြု ဖော်ညွှန်းပြီး လူတစ်ဦးချင်း (သို့) အဖွဲ့လိုက်ပါဝင်ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲအစီအစဉ် ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်အထိ ၄ ပတ်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တစ်ပတ်စီအတွက် ဆုများမှာ OPPO A37 နှင့် Huawei GR5 ဟန်းဆက်များ ဖြစ်သည်။

အူရီဒူးမြန်မာမှ ပါဝင်ယှဉ်ပြိုင်သူ ၃၀ ဦးကို ရွေးချယ်မည်ဖြစ်ပြီး အပတ်စဉ်သောကြာနေ့တိုင်းတွင် အူရီဒူး Facebook ၌ ၄င်းဓာတ်ပုံ များကို တင်ပေးသွားမည်ဖြစ်သည်။ အနိုင်ရရှိသူတစ်ဦးအား အပတ်စဉ် တနင်္လာနေ့ တွင် ရွေးချယ်ပေးမည်ဖြစ်ပြီး Love Reaction အများဆုံး ရရှိသူမှာ ဆုရရှိသူဖြစ်မည်ဖြစ်သည်။ ဆုထုတ်ယူရန် အတွက် အနိုင်ရရှိသူ အနေဖြင့် မိမိအမည်ကို အူရီဒူးဖုန်းနံပါတ်နှင့်အတူ #OoredooforAll ဟု ရေးသားပြီး Ooredoo Facebook Messenger သို့ ပေးပို့ရန် သတ်မှတ် ထားပါသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal










0 comments:

Post a Comment