♪ Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ ♫


Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ 

Gionee X1s မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး တန်ဖိုးကြီး စမတ်ဖုန်း ဒီဇိုင်း ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် Xiaomi Redmi Note 4 လို တန်ဖိုးနည်း စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ Gionee X1 မှာ ၅.၂ လက်မ HD Display တပ်ဆင်ထားတာကတော့ အားနည်းပြီး Full HD Display တပ်ဆင်ထားသင့်ပါတယ်။ 

Quad-Core MediaTek MT6737T Processor က Gionee X1s ကို မောင်းနှင်မှာ ဖြစ်ပါတယ်။ သူ့မှာ 3GB RAM, 16GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 16 Megapixel Camera နဲ့အတူ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Dual-SIM Phone ဖြစ်ပြီး microSD Card Slot လည်း သီးခြား ထည့်သွင်းပေးထားပါတယ်။ 

Giionee X1s မှာ အရွယ်အစားကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားတဲ့အတွက် ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။ 4G VoLTE, Wi-Fi, Bluetooth, 3.5mm headphone jack, Micro-USB port များကို အသုံးပြုနိုင်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment