♪ " Google Pixel 2 နှင့် Pixel 2 XL တို့ ပေါက်ကြားမှုများဖြစ်ပွား " ♫

Image may contain: phone

Google သည် Pixel 2 နှင့် Pixel 2XL တို့ကို အောက်တိုဘာ 4 ရက်တွင် စတင်တရားဝင်ကြေညာ မည်ဖြစ်သော်လည်း ယခုအခါ အရောင်မျိုးစုံနှင့် ပုံများအပါအ၀င် ပေါက်ကြားမှုများ ဖြစ်ပွားခဲ့သည်။ ပုံများထဲတွင် ကျောဘက်မှသာ မြင်ရသော်လည်း ယခင်ပေါက်ကြားခဲ့သော ဒီဇိုင်းများနှင့် ဆင်တူမှုရှိသည်ကို တွေ့နိုင်သည်။ 

Pixel 2 ကို အပြာ၊ အဖြူနှင့် အနက်တို့ဖြင့်တွေ့ရပြီး မနှစ်က ပုံစံအတိုင်း ရယ်စရာကောင်းသော အရောင်အမည်များဖြစ်သည့် Quite Black, Very Silver, Really Blue တို့ဖြစ်တွေ့ရဦးမည်ဟု မျှော်လင့်ထားနိုင် သည်။ Pixel 2 သည် 64 GB storage အတွက် 649 $ ကျသင့်မည်ဖြစ်ပြီး 128 GB အတွက် 749 $ ကျသင့် မည်ဖြစ်သည်။

မူလ Pixel မှာ ထိုဈေးဖြင့် ရောင်းချခဲ့ပြီး ယခုအခါ storage 32 GB ပိုမိုရလာခဲ့ခြင်းဖြစ်သည်။ Pixel 2 XL အတွက်မူ အနက်ရောင်နှင့် အဖြူ၊ အနက်ရောထားသော ပုံတို့ကို တွေ့ရသည်။ အဆိုပါသတင်းအရ Pixel 2 XL သည် 64 GB အတွက် 849 $ ကျသင့်မည်ဟုဆိုပြီး 128 GB ဆိုပါက 949 $ ဖြစ်မည်ဟု ဆိုသည်။ ထိုအတိုင်းမှန်ကန်ပါက မနှစ်က Pixel XL ထက် ဒေါ်လာ 80 ပိုနေမည်ဖြစ်သည်။ 

စမတ်ဖုန်းများမှာ တစ်နေ့တခြား ဈေးပိုကြီးလာပြီး Apple ၏ 999 $ ဈေးသို့ မရောက်သေးသည်ကိုပင် ကျေးဇူးတင်သင့်ပေသည်။ ထိုနေ့၌ပင် Google သည် Daydream View headset, Google Pixel book convertible နှင့် Google Home Mini တို့ကို ပြသသွားနိုင်သည်ဟု သတင်းများက ဖော်ပြထားသည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








0 comments:

Post a Comment