♪ Google ရဲ့ စွမ်းဆောင်ရည်မြင့် Pixelbook လက်တော့ လာမည် ♫


Google က အောက်တိုဘာလဆန်းပိုင်းမှာ ပွဲတစ်ခု ကျင်းပ၍ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ ပွဲမတိုင်ခင်မှာပဲ သူ့ ထုတ်ကုန်များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီထုတ်ကုန်များထဲမှာ Google Pixelbook အမည်ရ စွမ်းဆောင်ရည်မြင့် လက်တော့ ပါဝင်ပါတယ်။ သူ့ကို ခေါက်ချိုး၍ တက်ဘလက်လို အသုံးပြုနိုင်ပြီး ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ဖန်တီးပေးထားပါတယ်။ 

Google Pixelbook ကို ငွေရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပြီး 128GB , 256GB, 512GB Storage များ ရွေးချယ်နိုင်မှာပါ။ ၁၁၉၉ ၊ ၁၃၉၉ နဲ့ ၁၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ Pixelbook Pen အမည်ရ ဒစ်ဂျစ်တယ် ဘောပင်ကို ၉၉ ဒေါ်လာဖြင့် သီးခြား ၀ယ်ယူရမှာပါ။ 

Google Pixelbook ဟာ Chrome OS ထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်မြင့် Chromebook ဖြစ်ပါတယ်။ သူ့မှာ အင်တာနက် အခြေပြု Apps များနဲ့ Android Apps များကို အသုံးပြုနိုင်ပါတယ်။ Google က ယခင်က Chromebook Pixel လက်တော့များကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး ယခုမော်ဒယ်အသစ်မှာ အမည်ကို ပြောင်းလဲထားပါတယ်။ 

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ လက်တော့ရဲ့ ကီးဘုတ်ခလုတ်များဟာ ကြီးမားပြီး Trackpad ကလည်း ကျယ်ဝန်းပါတယ်။ 3:2 Screen Aspect Ratio ကိုသာ အသုံးပြုထားပုံပေါ်ပါတယ်။ Google Pixelbook ဟာ အနုပညာရှင်များနဲ့ Chromebook Fans များအတွက် ရည်ရွယ်ထားပုံပေါ်ပါတယ်။ Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် ပွဲမှာ Pixelbook လက်တော့၊ Pixel စမတ်ဖုန်ုးများနဲ့ Google Home စမတ် စပီကာ အသစ်များကို မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။



Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment