♪ " Amazon Kindle Fire HD 10 အသစ်တွင် 1080p Screen ပါဝင်ပြီး $150 သာကျသင့်မည် " ♫

Image may contain: screen and phone

Amazon သည် ယမန်နှစ်က Fire HD 10 tablet ကို အဆင့်မြှင့်တင်ပေးခဲ့သော်လည်း HD screen နှင့် $230 ဈေးကြောင့် များစွာစိတ်ဝင်စားမှု မခံရချေ။ ယခုအခါ Kindle Fire HD 10 အသစ်ကို ထပ်မံထုတ်လုပ်ပေးခဲ့ပြီး ပိုမိုဆွဲဆောင်နိုင်သော $150 ဈေးဖြစ်လာရုံမက Full HD screen ပါဝင်လာပြီး storage လည်း နှစ်ဆဖြစ်လာခဲ့သည်။ 

10.1” IPS screen ပါဝင်ပြီး 1920 x 1200 pixels resolution (224 ppi) ရှိခဲ့သည်။ ယမန်နှစ်က 1280 x 800 pixesl မှ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ Dolby AtmosStero speaker များကိုလည်း ဆက်လက်သုံးစွဲ ထားဆဲသာဖြစ်သည်။ RAM နှင့် storage ကိုလည်း နှစ်ဆတိုးထားပြီး RAM 2GB ပါဝင်လာခဲ့သည်။ များပြားသောပမာဏမဟုတ်သည့်တိုင် ယမန်နှစ်က 1GB ထက် များစွာအဆင်ပြေမည်ဖြစ်သည်။

Storage မှာလည်း 32GB မှစတင်ပြီး 64GB ကိုပါ ရွေးချယ်နိုင်မည်ဖြစ်သလို micro SD slot လည်း ပါဝင်ခဲ့သည်။ Quad-core processor (1.8 GHz) ကိုမူ အဆင့်မြှင့်တင်ခြင်း မရှိခဲ့ချေ။ ဘက်ထရီမှာ 10 နာရီအသုံးခံနိုင်ပြီး iPad Pro 10.5 ထက်ပို၍ တာရှည်ခံနိုင်သည်ဟု Amazon မှ ကြွားဝါထားခဲ့သည်။

Alexa လည်း မဖြစ်မနေ ပါဝင်လာခဲ့ပြီး ယနေ့ထိဦးဆောင်နိုင်နေသော digital assistant တစ်ခုဖြစ်သည်။ အောက်တိုဘာ 11 တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး 64GB အတွက်မူ $190 ကျသင့်မည်ဟု သိရသည်။ 



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








0 comments:

Post a Comment