♪ Google Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ ♫


Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပ၍ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်များထဲမှ Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များနဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ 

Pixel 2 ကို HTC က ဖန်တီးပေးထားပြီး အပြာ၊ အနက်၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB Storage များ ရွေးချယ်နိုင်ပြီး ၆၄၉ ဒေါ်လာနဲ့ ၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ LG က ဖန်တီးပေးထားတဲ့ Pixel 2 XL အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 64GB နဲ့ 128GB Storage များ ရွေးချယ်နိုင်ပြီး ၈၄၉ ဒေါ်လာနဲ့ ၉၄၉ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ 

စမတ်ဖုန်းများရဲ့ Specifications များကိုတော့ မသိရသေးပါဘူး။ စမတ်ဖုန်းများအပြင် Pixelbook Laptop , Google Home Mini Smart Speaker , Daydream 2 VR Headset များရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ Google ရဲ့ထုတ်ကုန် အသစ်များကို Google Store ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း အသစ်များကိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ရောင်းချပေးမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment