♪ 6GB RAM, 128GB Storage ပါတဲ့ Nokia 8 လာမည် ♫


သြဂုတ်လမှာ HMD Global က 4GB RAM, 64GB Storage ပါတဲ့ စွမ်းဆောင်ရည်မြင့် Nokia 8 စမတ်ဖုန်းကို လန်ဒန်မှာ မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာအ၀န်းမှ နိုကီရာ ပရိတ်သတ်များက အဲဒီ စမတ်ဖုန်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန် ဆက်သွယ်ရေး ကော်မရှင်မှာ Nokia 8 ရဲ့ မော်ဒယ်နံပါတ် TA-1004 နဲ့ TA-1012 တို့ကို တွေ့ရှိရပါတယ်။ 

အခုတော့ WinFuture က နိုကီရာ ပရိတ်သတ်များ အတွက် စိတ်ဝင်စားစရာ သတင်းကောင်းတစ်ခုကို တင်ပြလိုက်ပါတယ်။ သူ့ရဲ့ သတင်းအရ 6GB RAM ပါတဲ့ Nokia 8 ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဂျာမနီတွင် ရောင်းချမယ်လို့ သိရပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။
Nokia 8 မော်ဒယ် အသစ်မှာ RAM အပြင် Internal Storage ကို တိုးမြှင့်ပေးထားပြီး 128GB ထည့်သွင်းပေးထားပါတယ်။ မော်ဒယ်အသစ်ဟာ ယခင် မော်ဒယ်ထက် တန်ဖိုးကြီးမားမှာ သေချာပါတယ်။ မူလမော်ဒယ်ကို ယူရို ၆၀၀ ၀န်းကျင်ဖြင့် ရောင်းချမှာပါ။ RAM , Storage ကလွဲပြီး အခြား Specifications များဟာ တူညီကြပါတယ်။ 

Nokia 8 မှာ ၅.၃ လက်မ IPS LCD Display တပ်ဆင်ထားပြီး QHD Resolution ဖြစ်ပါတယ်။ Nokia 8 ရဲ့ အရှေ့နဲ့ အနောက် ကင်မရာများကို Zeiss က ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံး (Color + Monochrome ) တပ်ဆင်ထားပြီး Color Camera မှာ Optical Image Stabilization , Laser Autofocus များပါပါတယ်။ အရှေ့ဘက်မှာ 13MP Camera ၁ လုံး တပ်ဆင်ထားပြီး Phase Detection Autofocus ပါပါတယ်။ 3090mAh Battery ထည့်သွင်းထားပြီး Qualcomm Quick Charge 3.0 ပါပါတယ်။ Pure Android 7.1 မောင်းနှင်မှာပါ။ Android 8.0 Oreo နဲ့ နောက်ထွက်မယ့် Android P တို့ကိုလည်း အဆင့်မြှင့်ပေးမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။



Credit to ==> DigitalTimes.com.mm








0 comments:

Post a Comment