♪ မြန်မာမှုဂိမ်းသစ် Tank Rival Mission စတင်ဖြန့်ချိ ♫


မြန်မာမှုဂိမ်းသစ်တစ်မျိုးဖြစ်တဲ့ Tank Rival Mission ကို MyPlay ကစတင်ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ နှစ်ဖက်ကစားရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းထဲကိုဝင်ရောက် ကစားတဲ့အခါမှာ မိမိကိုယ်တိုင် တင့်ကားတစ်စီးကို ထိန်းချုပ် ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ 

တစ်ဦးနဲ့တစ်ဦး တစ်ဖက်စီနေပြီး ကစားနိုင်သလို အဖွဲ့လိုက်အနေနဲ့ လည်း တစ်ဖက်စီနေပြီး ချိတ်ဆက် ကစားနိုင်တယ်လို့ ဆိုပါတယ်။ ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိတဲ့ဘက်က သတ်မှတ်ထားတဲ့ ဒင်္ဂါးပြားတွေရမှာဖြစ်ပြီး အဲဒါတွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Tank Rival Mission ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆင့်တက်လာတိုင်း ပိုမိုအဆင့်မြင့်တဲ့ တင့်ကားတွေ၊ လက်နက်အသစ်တွေနဲ့ အခြားအပိုပစ္စည်းတွေ ကိုလည်း ဒင်္ဂါးအသုံးပြုပြီး ဝယ်ယူစုဆောင်းထားနိုင်မှာ ဖြစ်ပါတယ်။ “ပြည်တွင်း developer တွေဖန်တီးထားပြီး MyPLAY ကဖြန့်ချိတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်၊ မိုဘိုင်းဂိမ်း ဈေးကွက်ထဲကို ဂိမ်းအသစ်တစ်ခုနဲ့ စတင် ထိုးဖောက်ဖို့ ဖြစ်တယ်၊ နောက်လဲ ပြည်တွင်းပညာရှင် developer တွေ ဖန်တီးထားတဲ့ ဂိမ်းတွေကို တီထွင် ဖြန့်ချိသွားဦးမှာပါ” လို့ MyPlay ကုမ္ပဏီရဲ့ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန်က ပြောပါတယ်။

လက်ရှိမှာ MyPlay ကနေထွက်ရှိထားခဲ့တဲ့ မြန်မာမှုဂိမ်းတွေကို ကစားသူဦးရေ အရေအတွက်အားလုံး နှစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။




Credit to ==> Internet Journal







0 comments:

Post a Comment