♪ “Full Screen Display တပ်ဆင်ထားမယ့် Nokia 9” ♫

No automatic alt text available.

Nokia 9 ရဲ့ ဓါတ်ပုံများအွန်လိုင်းမှာပေါက်ကြားထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများအရ Nokia 9 မှာ Full Screen Display တပ်ဆင်ထားပြီး လက်ဗွေရာအာရုံခံကိရိယာကိုအရှေ့ဘက်အစားအနောက် ကင်မရာ များရဲ့ အောက်မှာပြောင်းရွှေ့တပ်ဆင်ထားပါတယ်။

မျက်နှာပြင်ဟာ AMOLED အမျိုးအစား ဖြစ်နိုင်ပြီး Nokia 8 လို ၅.၃ လက်မအရွယ်အစား ဖြစ်ပါတယ်။ ဒါပေမယ့် နိုကီယာရဲ့ အရာရှိတစ်ဦးက Nokia 9 မှာ 8 ထက် ကြီးမားတဲ့ မျက်နှာပြင် တပ်ဆင်ထားမယ်လို့ ပြောတဲ့အတွက် ၅.၅ လက်မအရွယ်အစားလည်း ဖြစ်နိုင်ပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ Nokia 8 မှာတော့ ရေစိုခံတဲ့ နည်းပညာမပါပါဘူး။

Nokia 9 မှာ Qualcomm Snapdragon 835 Chipset or 845 Chipset ကိုထည့်သွင်းထားနိုင်ပါတယ်။ အနောက်ကင်မရာ ၂ လုံးတပ်ဆင်ထားပြီး RGB နဲ့ Monochrome Sensors များ ဖြစ်ကြပါတယ်။ Nokia 9 ကိုယူရို ၇၅၀ ဖြင့် ရောင်းချနိုင်ပြီး မြန်မာငွေ အားဖြင့် ၁ ၂၀၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment