♪ " Samsung Myanmar မှ ပြည်တွင်းဈေးကွက်အတွက် ထပ်မံမိတ်ဆက်ပေးခဲ့သည့် Galaxy J7+ နှင့် Galaxy J7 Core " ♫

Image may contain: phone

Samsung Myanmar မှ ပြည်တွင်းဈေးကွက်အတွက် Smartphone Model အသစ် (2) မျိုးကိုယခုလ (12) ရက်နေ့က ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Smartphone Model အသစ် (2) မျိုးကတော့ Samsung Galaxy J7+ နဲ့ Samsung Galaxy J7 Core တို့ဖြစ်ပါတယ်။ Galaxy J7+ က အနောက် Dual Camera ပါရှိတဲ့ Smartphone တစ်လုံးဖြစ်ပြီး Galaxy J7 Core ကတော့ တန်ဖိုးသင့်တင့် Smartphone တစ်လုံး ဖြစ်ပါတယ်။ "Samsung ရဲ့ J Series မျိုးဆက်သစ်ဖြစ်တဲ့ J7+ စမတ်ဖုန်းသစ်ဟာ ဓာတ်ပုံရိုက်ရတာဝါသနာပါသူတွေ၊ Social Media အသုံးများသူတွေနဲ့ လူငယ်တွေအတွက် တကယ်ကိုအသုံးဝင်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ လုံခြုံရေးစနစ်တွေကိုလည်းလက်ဗွေရာစနစ်နဲ့အတူ Always-On-Display လို function အသစ်တွေ ထပ်မံတိုးမြှင့်ထည့်သွင်းထားတာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Galaxy J series က မြန်မာနိုင်ငံမှာရောင်းအားအကောင်းဆုံးဖုန်းတွေဖြစ်ပါတယ်။

 နည်းပညာအသစ်တွေ ထပ်မံထည့်သွင်းထားတဲ့ J Series မျိုးဆက်သစ် Galaxy J7 Core စမတ်ဖုန်းသစ်က ကျွန်တော်တို့ရဲ့ လက်ရှိ customer တွေရော၊ customer အသစ်တွေကို ရောစိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟု Samsung Myanmar ၏ Head of IT & Mobile ဖြစ်သူ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။

Galaxy J7+ အားလှပဆွဲဆောင်မှုရှိအောင် ဖန်တီးပေးထားကာပါးလွှာသောသတ္တုကိုယ်ထည် ဒီဇိုင်းဖြင့် ပြုလုပ်ပေးထားပါတယ်။မျက်နှာပြင်အရွယ်အစားက (5.5) လက်မရှိတဲ့ အပြင် FHD sAMOLED Display ဖြစ်တာကြောင့် ကြည်လင်ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးကို တွေ့မြင်ခံစားရမှာပါ။ ဒီဖုန်းမှာQuad 2.3GHz+Quad 1.69GHz Processorကိုအသုံးပြုပေးထားတဲ့အတွက် လုပ်ဆောင်ချက်ပိုင်း ကောင်းမွန်စေမှာဖြစ်ပြီး RAM 4 GB ကလည်း အကောင်းမွန်ဆုံးဖြစ်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ Internal Memory 32 GB နဲ့အတူ Micro SD Card Slot ပါရှိတာကြောင့် Memory ကို 256 GB အထိတိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင် အနောက်ဘက်မှာ 13.0 MP + 5.0 MP ကင်မရာကို တပ်ဆင်ပေးထားတာကြောင့် ဓာတ်ပုံဝါသနာရှင်တွေအတွက် အလွန်အဆင်ပြေစေပါလိမ့်မယ်။ Pro Mode တွေနဲ့အတူ နောက်ခံ Blur Effect ဖြစ်စေမယ့် ပုံရိပ်ကောင်းတွေကိုလည်း မိမိစိတ်ကူးရှိသလို ရိုက်ကူးပုံဖော်နိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် 5.0 MP ရှိတဲ့ အရှေ့ကင်မရာဖြင့်လည်းSelfieဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာပါ။ Software ပိုင်းလုပ်ဆောင်ချက်တွေ အဆင်ပြေစေဖို့ Android 7.1.1 (Nougat) ကိုထည့်သွင်းထားပြီးဘက်ထရီအတွက် 3,000 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားတာကြောင့် လုပ်ဆောင်ချက်တွေကို အချိန်ကြာကြာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Galaxy J7+ Smartphone ရဲ့ ဈေးနှုန်းကငွေကျပ် (၄၉၅၀၀၀) ဖြစ်ကာရွှေရောင်နဲ့ အနက်ရောင်တို့ဖြင့် ထုတ်လုပ်ပေးထားပါတယ်။ ဒါ့အပြင် အထူးအစီအစဉ်အနေဖြင့် ပထမဦးဆုံးဝယ်ယူတဲ့ အယောက် (1000) ဟာ Bluetooth Speaker ၊ 5000 mAhအရွယ်အစားရှိ Power Bank နဲ့ Ring Stent တို့အားအထူးလက်ဆောင်အနေဖြင့် ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ Ooredoo Myanmar နဲ့ Samsung တို့ပူးပေါင်း၍ Galaxy J7+ Smartphone ၀ယ်ယူအသုံးပြုသူများအတွက်လစဉ် အနည်းဆုံး ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းရုံဖြင့် အင်တာနက်လက်ဆောင် 2.5 GB အားခြောက်လဆက်တိုက် ရရှိမယ့်အစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy J7 Core Smartphone ကတော့ ဈေးနှုန်းသင့်တင့်တဲ့ Samsung Smartphone အသုံးပြုလိုသူတွေအတွက် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Galaxy J7 Core Smartphone ရဲ့ ဈေးနှုန်းကိုငွေကျပ် (၂၃၉၀၀၀) သတ်မှတ်ပေးထားပြီးအနက်ရောင်၊ ရွေှ့ရောင်နဲ့ ငွေပြာရောင်တို့ကို ရွေးချယ်ဝယ်ယူအသုံး ပြုနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Samsung Myanmar နဲ့ Ooredoo Myanmar တို့ပူးပေါင်း၍ Galaxy J7 Core ၀ယ် ယူသူတို့အတွက် လစဉ် အနည်းဆုံး 5000 ကျပ် ဖုန်းငွေဖြည့်သွင်းရုံဖြင့် အင်တာနက်လက်ဆောင် 2GB အား ခြောက်လဆက်တိုက် ရရှိမယ့်အစီအစဉ်ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကတော့ (5.5) လက်မရှိပြီး HD sAMOLED Display ကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းသေသပ်လှပအောင် ဖန်တီးပေးထားပြီး ဖုန်းရဲ့အရွယ်အစားက152.4 x 78.6 x 7.6 mmရှိပါတယ်။ ဒီဖုန်းကို 2G, 3G နဲ့ 4G (LTE) Network တို့မှာအသုံးပြုနိုင်ပြီး Dual Simအသုံးပြုနိုင်တဲ့ Smartphone တစ်လုံးပါ။

ဖုန်းတွင်းလုပ်ဆောင်ချက်တွေ အဆင်ပြေချောမွေ့စေဖို့ 1.6GHz Octa Core processorကိုအသုံးပြုပေးထားပြီး RAM ကတော့ 2GB ဖြစ်ကာ Internal Memory 16 GB ပါဝင်ပါတယ်။ နောက်ပြီးတော့ Sim Slot (2) ခုအပြင် Micro SD Card Slot တစ်ခုလည်းပါရှိတာကြောင့် Memory တိုးမြှင့်အသုံးပြုလိုသူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါ့အပြင် Galaxy J7 Core မှာ Dual Messenger solutions လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဆိုပါလုပ်ဆောင်ချက်ကြောင့် သုံးစွဲသူများအနေဖြင့် လူမှုစာမျက်နှာအကောင့် (Social Media Account) 2 ခုအား ဖုန်းတစ်လုံးထဲတွင် လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက်လည်းအရှေ့ 5.0 Megapixels နဲ့ အနောက် 13.0 Megapixels ရှိတဲ့ ကင်မရာတွေကို တပ်ဆင်ထည့်သွင်းပေးထားပါတယ်။ အရှေ့ကင်မရာမှာ Screen Flash လုပ်ဆောင်ချက်ပါရှိတာကြောင့် Selfieဓာတ်ပုံတွေရိုက်ကူးရာမှာ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Galaxy J7 Core Smartphone မှာအသုံးပြုပေးထားတဲ့ Operating System ကတော့ Android 7.0 (Nougat) ဖြစ်ပါတယ်။ ဒီဖုန်းမှာ 3000 mAh ဘက်ထရီကို အသုံးပြုပေးထားတာကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းတို့ကို အချိန်ကြာကြာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










0 comments:

Post a Comment