♪ " Facebook မှနေ၍ Instagram App ကို တိုက်ရိုက်ဖွင့်နိုင်မည် " ♫

Image may contain: 1 person, text

Facebook သည် Instagram သုံးစွဲသူမှာ Facebook app ထဲမှနေ၍ Instagram profile ကို အလွယ်တကူ ၀င်ရောက်နိုင်စေရန် ပြုလုပ်ပေးခဲ့ပြီဟု သိရှိရသည်။ Mobile အတွက် navigation menu တွင် ထိုအချက်ကို ထပ်မံထည့်သွင်းပေးခဲ့ကြောင်း၊ instagram account နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုပေးခဲ့သည်။

အဆိုပါ option မှာ သင့်၏ Facebook app အတွင်းမှ personal profile အောက်ဘက်နားတွင်သာရှိပြီး သင့်၏ Facebook page များ၏ အထက်တွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ link ကိုနှိပ်ခဲ့ပါက ဖုန်းထဲရှိ Instagram app ကို ဖွင့်ပေးမည်ဖြစ်ပြီး သင့်ကို Instagram ၏ main feed ထံ တိုက်ရိုက်ပို့ပေးမည်ဖြစ်ကာ home screen သို့ ပြန်ထွက်၍ သီးခြားဖွင့်နေစရာမလိုတော့ပေ။ အဆိုပါအပြောင်းအလဲမှာ ကြီးကြီးမားမားမဟုတ်သော်လည်း Facebook သုံးစွဲသူများကို အခြားသော မိုဘိုင်း app များဆီ ရောက်မသွားစေရန် စွဲဆောင်ထားရာတွင် အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ဥပမာ Twitter, snapchat စသည်တို့ဖြစ်သည်။

Instagram တွင် Facebook Link ပါဝင်လာပါက ပို၍ ထိရောက်နိုင်မည်ဖြစ်သော်လည်း ယခုထိမူ Instagram တွင် မတွေ့ရသေးချေ။ Facebook မှ ၎င်းပိုင်ဆိုင်သော app များပေါင်းရန် ယခုတစ်ခါတည်း ကြိုးပမ်းခဲ့ခြင်း မဟုတ်ပေ။ ယခုအပြောင်းအလဲသည် Facebook အား app install usage တွင် ထိပ်တန်းအဆင့်ရှိသည့် mobile app အဖြစ်တွင် ဆက်လက်ရှိနေစေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ Facebook သည် သမိုင်းတွင် download ပမာဏအများဆုံး app ဖြစ်ပြီး Instagram မှာမူ အဆင့် 4 တွင် ရပ်တည်လျက်ရှိသည်။

ဇန်န၀ါရီမှ သြဂုတ် 2017 အတွက် download အများဆုံး app စာရင်း၌ Facebook သည် နံပါတ် 3 ၊ Instagram မှာ နံပါတ် 4 ဖြစ်ခဲ့သည်။ Instagram နှင့် Snapchat တို့၏ ပြင်းထန်သောပြိုင်ဆိုင်မှုကြောင့် Facebook ကိုသုံး၍ Instagram သုံးစွဲသူများစေရန် ဆွဲဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










0 comments:

Post a Comment