♪ “Xiaomi မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်သစ် သုံးမျိုး” ♫

Image may contain: 1 person, phone and text

Xiaomi ကယခင်နှစ်မှာဘေးဘောင်မဲ့Mi Mix စမတ်ဖုန်းဖြင့်လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။Mi Mixရဲ့Full Screen Display ဟာ အလွန်လှပပြီး၂၀၁၇ခုနှစ်ရဲ့ဒီဇိုင်းTrend တစ်ခု ဖြစ်လာပါတယ်။ ဒီနှစ်မှာဘေးဘောင်မဲ့စမတ်ဖုန်းများစွာထွက်ပေါ်လာတဲ့အတွက်Mi Mix 2ဟာပြိုင်ဖက်များစွာရရှိလာပါပြီ။Mi Mix 2ဟာအဲဒီပြိုင်ဖက်များကို အနိုင်ယူနိုင် မလားဆိုတာလေ့လာကြည့်ရအောင်.....

<Xiaomi Mi Mix 2>

Mi Mix 2ဟာယခင်နှစ်ထုတ်Mi Mix ရဲ့မျက်နှာပြင်နဲ့ဒီဇိုင်းကိုမွမ်းမံပြင်ဆင် ထားပါတယ်။မူလMi Mix မှာBezelless Design ကိုအသုံးပြုထားပေမယ့် အရွယ်အစားအလွန်ကြီးမားနေပါတယ်။Mi Mix 2 မှာတော့ဖုန်းရဲ့အရွယ် အစားကို လျှော့ချထားပါတယ်။ယခင်Mi Mix မှာ၆.၄လက်မမျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် မော်ဒယ်အသစ်ရဲ့မျက်နှာပြင်ဟာပိုမိုသေးငယ် သွားပါတယ်။ဒါပေမယ့် မော်ဒယ်အသစ်ရဲ့Screen-to-Body Ratio ဟာပိုမိုမြင့်မားလာပြီးမျက်နှာပြင်အောက်ခြေရှိ ဘောင်ကိုမော်ဒယ် အဟောင်းထက်၁၂ရာခိုင်နှုန်းပိုမိုပါးလွှာအောင်ဖန်တီးထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဖုန်းရဲ့ ထောင့်နဲ့ ဘေးဘက်ဖရိမ်ကိုလုံးဝန်းတဲ့ဒီဇိုင်းချိုးထားပါတယ်။ ကိုယ်ထည်ကိုအလူမီနီယမ်ဖြင့်တည်ဆောက်ထားပြီး ရှောင်မီရဲ့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများမှာလိုတောက်ပြောင်တဲ့ဒီဇိုင်းဖြစ်ပါ တယ်။အဲဒီအတွက်Mi Mix 2ဟာအလွန်ဆွဲဆောင်မှုရှိပြီးအရွယ်အစား ကလည်းလက်ထဲမှာသက်သောင့်သက်သာဖြင့်ကိုင်တွယ်အသုံးပြုနိုင်စေပါတယ်။ နောက်ထပ် ပြောင်းလဲမှုတစ်ခုကMi Mix 2မှာHead-phone Jack ကိုဖယ်ရှားထားပါတယ်။

Mi Mix 2 မှာ၅.၉၉လက်မFull HD+ Display တပ်ဆင်ထားပြီး18:9 Aspect Ratio ဖြစ်ပါတယ်။မျက်နှာပြင်ရဲ့အရည်အသွေးက ကောင်းမွန်ပြီး ဘေးဘောင်များဟာအလွန်ပါးလွှာတဲ့အတွက် မျက်နှာပြင်ဟာထင်ရှားရှင်းလင်းပါတယ်။ယခင်နှစ်ထုတ်Mi Mix လိုပဲMi Mix 2 ရဲ့မျက်နှာပြင်အထက်မှ ဘောင်ဟာဘယ်နဲ့ညာမှ ဘောင်များနီးပါးပါးလွှာပါတယ်။ဒီလိုဖန်တီးနိုင်ဖို့ အတွက်အရှေ့ကင်မရာအားအောက်ခြေကို ရွှေ့ပြောင်းထားပါတယ်။ အစောပိုင်းမှာတော့ကင်မရာအသုံးပြု ရတာအကျွမ်းတ၀င်မရှိစေနိုင် ပါဘူး။တပ်ဆင်ထားမှုအပိုင်းမှာတော့ကင်မရာနဲ့အရှေ့ဘက်တစ်ခုလုံးကို ပေါင်းစပ်ဖို့အတွက်အနက်ရောင်Coating ကိုအသုံးပြုထားတာကအလွန် ကောင်းမွန်ပါတယ်။အရှေ့ကင်မရာ ရဲ့Resolution ကတော့5MP ဖြစ်ပါ တယ်။

Mi Mix 2 ဟာဒီဇိုင်းနဲ့မျက်နှာပြင်အပိုင်းမှာတင်ထူးချွန်ခြင်းမဟုတ်ဘဲ စွမ်းရည်မြင့်မားပါတယ်။သူ့မှာ Qualcomm Snapdragon 835 Chipset နဲ့6GB RAM ထည့်သွင်းထားပါတယ်။Storage အနေဖြင့်64GB or 128GB or 256GB များရွေးချယ်နိုင်ပါတယ်။3400mAh Battery ကို အသေတပ်ဆင်ထားပါတယ်။လျင်မြန်စွာအားသွင်းနိုင်တဲ့Qualcomm Quick Charge 3.0 ပါပါတယ်။Mi Mix 2 အတွက်အထူးထုတ်မော်ဒယ် ကိုဖန်တီးပေးထားပြီးအလူမီနီယမ်ဖရိမ်မပါတဲ့Ceramic Unibody Design ဖြစ်ပါတယ်။ကင်မရာနဲ့လက်ဗွေရာအာရုံခံကိရိယာကို18K PVD Gold Coating ဖြင့် ဘောင်ကွပ်ထားပါတယ်။အထူးထုတ်မော်ဒယ်မှာ 8GB RAM, 128GB Storage ထည့်ပေးထားပါတယ်။

အနောက်ကင်မရာကတော့Mi 6 မှာလိုနှစ်လုံးတွဲမဟုတ်ပါဘူး။Mi Mix 2 ရဲ့အနောက်ဘက်မှာအလင်း ၀င်ပေါက် f/2.0 နဲ့4-Axis Optical Image Stabilization ပါတဲ့21MP IMX386 Image Sensor ၁လုံးတပ်ဆင် ထားပါတယ်။Camera App ကတော့အခြားရှောင်မီစမတ်ဖုန်းများနဲ့ အများစုတူညီပါတယ်။Mi Mix 2 ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းဆောင်ချက် တစ်ခုကGlobal Bands ကို ထောက်ပံ့ခြင်းဖြစ်ပြီးMi Note 2 ထက်Band များကိုပိုမိုထောက်ပံ့ပါတယ်။အဲဒီအတွက်အမေရိကန် မှာဒီဖုန်းကိုအသုံးပြုနိုင်မှာပါ။Mi Mix 2 ဟာMi Mix ထက်နိုင်ငံစုံမှာ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။အိန္ဒိယအပါအ၀င် ရှောင်မီရောင်းချလေ့ရှိတဲ့ အဓိကနိုင်ငံများမှာMi Mix 2 ကိုရောင်းချမှာ ဖြစ်ပါတယ်။

Mi Mix 2 ရဲ့ ကောင်းမွန်တဲ့အချက်မှာအရွယ်အစားကိုလျှော့ချထားတဲ့ အတွက်လက်ထဲမှာသက်သောင့်သက်သာကိုင်တွယ်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ ဘေးဘက်ဘောင်များနဲ့ ထောင့်များကိုလုံးဝန်းအောင် ပြုလုပ် ထားခြင်း၊ တောက်ပြောင်တဲ့ကိုယ်ထည်ဖန်တီးထားခြင်းများက ကြည့်ကောင်းရုံတင်မကဘဲကိုင်တွယ်ရတာအလွန်အဆင်ပြေပါတယ်။
Mi Mix 2 အတွက်RAMနဲ့Storage ကွဲပြားတဲ့ မော်ဒယ်များစွာ ထုတ်လုပ် ပေးထားပါတယ်။6GB+64GB ကို €420, 6GB+128GB ကို €460, 6GB+256GB ကို €510နဲ့8GB+128GB ကို€700သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့်တန်ဖိုးအနည်းဆုံးမော်ဒယ်မှာကျပ်၆၈၀,၀၀၀၀န်းကျင်နဲ့တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ ကျပ်၁,၁၃၀,၀၀၀၀န်းကျင်တန်ကြေးရှိနိုင်ပါတယ်။

<Xiaomi Mi Note 3>

Xiaomi ကMi Mix 2 နဲ့အတူMi Note 3ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။Mi Note 3ဟာစွမ်းဆောင်ရည်သင့်စမတ်ဖုန်းဖြစ်ပြီးအနောက် ကင်မရာ နှစ်လုံးတပ်ဆင်ထားပါတယ်။Selfie ဓာတ်ပုံကောင်းများ ဖန်တီးနိုင် မယ့်Beautification စွမ်းဆောင်ချက်အသစ်များပါပါတယ်။Mi Note 3မှာ၅.၅လက်မFull HD Display တပ်ဆင်ထားပြီးReading Mode ပါပါတယ်။Qualcomm Snapdragon 660 Chipset မောင်းနှင် ထားပါတယ်။6GB RAM ထည့်သွင်းထားပြီ6း4 or 128GB Storage များရွေးချယ်နိုင်ပါတယ်။သူဟာMi Mix 2 လိုတော့ ဘေးဘောင်မဲ့ မျက်နှာပြင်ဒီဇိုင်းမဟုတ်ပါဘူး။ဒါပေမယ့် ဘေးဘောင်များကိုတော့ပါးလွှာ အောင်ဖန်တီးထားပါတယ်။

Mi Note 3 ရဲ့အဓိကစွမ်းဆောင်ရည်မှာအနောက်ကင်မရာနှစ်လုံး ဖြစ်ပါတယ်။အနောက်ဘက်မှာ12MP Wide-Angle Lens နဲ့12MP Telephoto Lens ၁လုံးစီတပ်ဆင်ထားပါတယ်။ကင်မရာများကOptical Zoom ကို၂ဆအထိဆွဲပေးနိုင်ပါတယ်။ကင်မရာများမှာ4-Axis Optical Image Stabilization နည်းပညာထည့်သွင်းပေးထားပါတယ်။ဓာတ်ပုံ နောက်ခံကိုBlur လုပ်နိုင်တဲ့Bokeh Effect ကိုအနောက်ကင်မရာများက ဖန်တီးပေးနိုင်ပါတယ်။အရှေ့ဘက်မှာAdaptable AI Beautify Mode လို့ ရှောင်မီကအမည်ပေးထားတဲ့နည်းပညာပါသည့်16MP Camera ၁လုံး တပ်ဆင်ပေးထားပါတယ်။သူကဓာတ်ပုံရဲ့အရည်အသွေးကိုမကျစေဘဲ သဘာဝကျလှပတဲ့Effects များထည့်သွင်းပေးနိုင်ပါတယ်

သူ့မှာ3500mAh Battery တပ်ဆင်ထားပြီးစတီရီယိုစပီကာများ၊NFC နဲ့IR Blaster များပါပါတယ်။မျက်နှာပြင်အောက်မှHome Button မှာ လက်ဗွေရာ အာရုံခံကိရိယာကို မြှုပ်နှံထားပါတယ်။သူ့မှာဒေတာ ကူးပြောင်းခြင်း၊ အားသွင်းခြင်းများ ပြုလုပ်ရင်လျင်မြန်တဲ့USB Type-C Port တပ်ဆင်ပေးထားပါတယ်။မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့နည်းပညာ ပါပြီး၊ဖုန်းကိုUnlock လုပ်နိုင်ပါတယ်။ဒီနည်းပညာဟာ ကောင်းမွန် ပေမယ့်အလုံခြုံဆုံးနည်းပညာတစ်ခုတော့မဟုတ်ပါဘူး။Mi Note 3 ဟာဒီဇိုင်းနဲ့ကင်မရာနှစ်လုံးအတွဲအစပ်အပါအ၀င်Mi 6 ကိုအများစုတုပ ထားပါတယ်။အနောက်ဘက်ကာဗာကိုအကွေးပြုလုပ်ထားတဲ့အတွက် လည်းလက်ထဲမှာကိုင်ဆောင်ရတာအလွန် ကောင်းပါတယ်။

MIUI Software ထည့်သွင်းပေးထားပြီး ရှောင်မီစမတ်ဖုန်းများရဲ့Software စွမ်းဆောင်ချက်များပါပါတယ်။အဲဒီအထဲမှာQuick Ball နဲ့Dual App များပါဝင်ပါတယ်။Quick Ball ကစကရင်တိုင်းကနေSoft Key နဲ့ခလုတ် များကိုလျင်မြန်စွာအသုံးပြုနိုင်စေပါတယ်။Dual App ကအကောင့်နှစ်ခု ဖြင့်အသုံးပြုနိုင်အောင်App တစ်ခုကိုနှစ်ခုအဖြစ် ကော်ပီပွားပေးနိုင် ပါတယ်။ဥပမာအားဖြင့်ဖုန်းတစ်လုံးထဲမှာFacebook အကောင့်နှစ်ခု ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။App Drawer မပါဘဲHomescreens များကိုသာထည့်သွင်းပေးထားပါတယ်။

အနောက်ကင်မရာများကတော့Mi 6 နဲ့တူညီပြီး12MP Camera နှစ်လုံးပါပါတယ်။ကင်မရာများကOptical Zoom ဆွဲပေးနိုင်ပြီးဓာတ်ပုံ နောက်ခံကိုBlur လုပ်ပေးတဲ့Portrait Mode or Bokeh Mode များကို ပံ့ပိုးပေးထားပါတယ်။ကင်မရာနှစ်လုံးရဲ့အရည်အသွေးကအလွန် ကောင်းမွန်ပါတယ်။အလင်းရောင်နည်းပါးတဲ့အချိန်များမှာဓာတ်ပုံကောင်းများရိုက်ကူးပေးနိုင်ပါတယ်။Zoom စွမ်းရည်ကိုဗီဒီယိုရိုက်ကူးတဲ့အခါမှာ အသုံးပြုနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။

Mi Note 3 ရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုမှာAI Beautify Mode ပါတဲ့16MP Front Camera ဖြစ်ပါတယ်။လှပတဲ့မျက်နှာများဖန်တီးချင်သူများအတွက် အဓိကဖန်တီးပေးထားခြင်းဖြစ်တယ်လို့ ရှောင်မီက ကြေညာထားပါ တယ်။မျက်နှာရဲ့မတူညီတဲ့ဇုန်များကိုခွဲခြမ်းစိတ်ဖြာပေးပြီးတိကျတဲ့ မျက်နှာသွင်ပြင်ကိုဖန်တီးပေးသည့်မျက်နှာအာရုံခံနည်းပညာလည်းပါ ပါတယ်။မျက်လုံးကိုကြီးမားအောင် ပြုလုပ်ခြင်း၊ မေးရိုးကိုသေးသွယ် အောင် ပြုလုပ်ခြင်း၊မျက်နှာမှအစက်အပြောက်များကိုဖယ်ရှားခြင်း စတဲ့Software စွမ်းဆောင်ချက်များလည်းထည့်သွင်းပေးထားပါတယ်။

Virtual Makeup စွမ်းဆောင်ချက်ကမျက်နှာမှာလှပတဲ့မိတ်ကပ်များ ခြယ်သပေးနိုင်ပါတယ်။ ရှောင်မီကအမျိုးသမီးများသာမကအမျိုးသားများ ရဲ့မျက်နှာကိုလည်းကြည့်ကောင်းအောင်Virtual Makeup က ပြုပြင်ပေးနိုင်တယ်လို့ ပြောပါတယ်။Virtual Makeup Mode ကို အသုံးပြု၍ဓာတ်ပုံများရိုက်ကူး လာတဲ့အကြိမ်အရေအတွက်များပြားလာတာနဲ့အမျှမိတ်ကပ်ခြယ်သတဲ့စွမ်းရည်ဟာလည်းပိုမိုအစွမ်း ထက်လာပါတယ်။ ဒါဟာဥာဏ်ရည်တုနည်းပညာကြောင့် ဖြစ်ပါတယ်။ဓာတ်ပုံမရိုက်ကူးခင်မှာ ပြင်ဆင်နိုင်တဲ့စွမ်းဆောင်ချက်လည်းပါပါတယ်။ ရှောင်မီကဒီ စွမ်းဆောင်ချက်ကိုအနာဂတ်ထုတ် သူ့ရဲ့စမတ်ဖုန်းများမှာပါထည့်သွင်းပေးလာနိုင်ပါတယ်။ ရှောင်မီကMi Mix 2 လိုကမ္ဘာအ၀န်းမှာမရောင်းချခင် မှာ ဒီစွမ်းဆောင်ချက်ကိုတရုတ်မှာစမ်းသပ်နေခြင်း ဖြစ်နိုင်ပါတယ်။

6GB RAM/64GB Storage Model ကိုယူရို၃၂၀၊အနက်ရောင်6GB RAM/128GB Storage Model ကိုယူရို၃၇၀နဲ့အပြာရောင်6GB RAM/128GB Storage ကိုယူရို၃၈၀သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့်ကျပ်၅၂၀,၀၀၀၊ကျပ်၅၉၀,၀၀၀နဲ့ကျပ်၆၁၀,၀၀၀၀န်းကျင်အသီးသီးကျသင့်နိုင်ပါတယ်။ ရောင်းချမယ့်အချိန်ကိုမသိရသေးပါဘူး။

<Xiaomi Mi Notebook Pro>

Xiaomi ကMi Mix 2, Mi Note 3 တို့အပြင်Mi Notebook Pro အမည်ရ လက်တော့အသစ်တစ်လုံးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ရှောင်မီကအဲဒီ လက်တော့များမှာအဌမမျိုးဆက်Intel Core i7 Processors များ ထည့်သွင်းထားခြင်းနဲ့စွမ်းရည်မြင့်မားတဲ့အအေးပေးစနစ်ကိုအသားပေး ပြောကြားသွားပါတယ်။Processor ဟာယခင်နှစ်ထုတ်MiNoteBook Air မှProcessor ထက်၄၀ရာခိုင်နှုန်းပိုမိုစွမ်းရည်မြင့်မားလာပါတယ်။

Xiaomi Mi Notebook Pro မှာ၁၅.၆လက်မမျက်နှာပြင်တပ်ဆင်ထားပြီး မိတ်ဆက်ပွဲမှာရှောင်မီကသူ့ကိုApple MacBook Pro 2017 နဲ့နှိုင်းယှဉ် ပြသသွားပါတယ်။Xiaomi Mi Notebook Pro ရဲ့Touchpad မှာ လက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပြီးWindows Hello စွမ်းဆောင်ချက် နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ Xiaomi Mi Notebook Pro ကို မော်ဒယ်၃မျိုးထုတ်လုပ်ပေးထားပါတယ်။Intel Core i7/16GB RAM Model ကိုတရုတ်ယွမ်၇၀၀၀၊Intel Core i7/8GB RAM Model ကို ယွမ်၆၄၀၀နဲ့Intel Core i5/8GB RAM Model ကိုယွမ်၅၆၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့်ကျပ် ၁,၄၄၀,၀၀၀၊ကျပ် ၁,၃၂၀,၀၀၀နဲ့ကျပ် ၁,၁၅၀,၀၀၀၀န်းကျင်ကျသင့်နိုင်ပါတယ်။
Xiaomi Mi Notebook Pro မှာအဌမမျိုးဆက်Intel Core i7 Processors နဲ့အတူသီးခြားNvidia GeForce MX150 Graphics Card ပါပါတယ်။ 16GB RAM နဲ့1TB SSD အထိ ရွေးချယ်နိုင်ပါတယ်။၁၅.၆လက်မ မျက်နှာပြင်ကိုအကြမ်းခံတဲ့Corning Gorilla Glass 3 ဖြင့်ကာကွယ် ထားပါတယ်။သူ့မှာအရွယ်ကြီးကီး ဘုတ်တစ်ခုထည့်သွင်း ပေးထားပြီး MacBook Pro ထက်ကီးဘုတ်ဧရိယာဟာ၁၉ရာခိုင်နှုန်းပိုမိုကြီးမား တယ်လို့ ရှောင်မီကပြောပါတယ်။3-in-1 SD Card Slot ၁ခု၊USB Type-C Port ၂ခု၊3.5mm Headphone Jack၁ခု၊အရွယ်ကြီးHDMI Port ၁ခု၊USB Type-A Port ၂ခု (USB 3.0 နဲ့USB 2.0) တို့အပါအ၀င်Ports များစွာတပ်ဆင်ပေးထားပါတယ်။လက်တော့ဟာdual-band Wi-Fi 802.11ac ကို ထောက်ပံ့ပါတယ်။၁.၉၅ကီလိုဂရမ်အလေးချိန်ရှိပြီး အရွယ်အစားအပြည့်အစုံမှာ360.7 x 243.6x 15.9 mm ဖြစ်ပါတယ်။

XiaomiMi Notebook Pro မှာHarman Infinity ဖန်တီးထားတဲ့စပီကာ များနဲ့Dolby Atmosအသံစနစ်များထည့်သွင်းထားပါတယ်။ ရှောင်မီက လက်တော့မှာ60Wh Battery တပ်ဆင်ထားပြီး၃၅မိနစ်အားသွင်းရင် ၅၀ရာခိုင်နှုန်းအားဖြည့်ပေးနိုင်တယ်လို့ ပြောပါတယ်။ရှောင်မီကMi Notebook Pro ကိုApple MacBook Pro နဲ့နှိုင်းယှဉ်ပြောကြားခဲ့ပေ မယ့်Mi Notebook Pro ရဲ့အားနည်းချက်ကမျက်နှာပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ဟာအရောင်ထုတ်လုပ်မှု ကောင်းမွန်ပါတယ်။မျက်နှာပြင် ဘေးဘောင်များဟာအလွန်သေးငယ်ပြီး၆.၂၅မီလီမီတာသာရှိပါတယ်။ ဒါပေမယ့်အလင်းပြန်မှုများပြီးResolution မှာFull HD သာ ဖြစ်ပါ တယ်။Xiaomi Mi Notebook Pro ဟာApple MacBook Pro ရဲ့ ဈေးထက်အလွန်သက်သာတာကစဉ်းစားစရာအချက်ဖြစ်ပါတယ်။ ရှောင်မီရဲ့စီအီးအိုဖြစ်သူLei Jun ကယခင်နှစ်ထုတ်Mi Notebook Air ဟာတရုတ်မှာနံပါတ်၁အပါးလွှာဆုံး လက်တော့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။အဲဒီအတွက် ရှောင်မီရဲ့လက်တော့ဘရန်းဟာအရှိန်ရှိနေ ပါတယ် လို့ ပြောပါတယ်။

နာမည်ကျော် တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့Exo မှ အဆိုတော်ဟောင်းKris Wu ဟာ ရှောင်မီရဲ့Brand Ambassador အဖြစ် ဆောင်ရွက်ပေးနေပါတယ်။သူဟာ Xiaomi Mi 5X နဲ့Xiaomi Mi Note 3 စမတ်ဖုန်းကိုလည်းအရောင်းမြှင့်တင်ပေးခဲ့ပါသေးတယ်။သူဟာတရုတ်မှနာမည်အကြီးဆုံးBrand Ambassador များထဲမှတစ်ဦးဖြစ်ပါတယ်။ တရုတ်လူမှုကွန်ရက်ဝီဘိုမှာသူဟာFollower ပေါင်း၁၁.၈သန်းကျော် ကိုပိုင်ဆိုင်ထားပါတယ်။သူဟာတရုတ်ပြည်ဖွားဖြစ်ပြီးကနေဒါမှာကြီးပြင်းခဲ့ပါတယ်။သူ့ရဲ့တရုတ်အမည်ကတော့Wu Yifan ဖြစ်ပါတယ်။သူဟာ အဆိုတော်သာမကသရုပ်ဆောင်နဲ့ မော်ဒယ်အလုပ်များကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။သူဟာတရုတ်ရဲ့ ၀င်ငွေအကောင်းဆုံးရုပ်ရှင်များဖြစ်တဲ့၂၀၁၅ခုနှစ်ထွက်Mr. Six နဲ့၂၀၁၇ခုနှစ်ထွက်Journey to the West: The Demons Strike Back တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလီးဝုဒ် ကိုတော့ယခုနှစ်ထွက်xXx: Return of Xander Cage နဲ့ပွဲထွက်လာ ခဲ့ပါ တယ်။

သူရနောင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal










0 comments:

Post a Comment