♪ တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် သာသာယာယာ အစီအစဉ် Telenor မိတ်ဆက် ♫


တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် သာသာယာယာ အစီအစဉ် ကိုTelenor က မိတ်ဆက်လိုက်ပါတယ်။

Telenor myanmar ရဲ့ ၃ နှစ်ပြည့် အခမ်းအနားမှာ အခုလိုမိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအစီ အစဉ်နဲ့ Telenor ဖုန်းအချင်းချင်း တစ်မိနစ်ကို ၁၀ ကျပ်နှုန်းထားနဲ့ ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။

“ဖုန်းကို ဈေးသက်သက်သာသာနဲ့ ပြောချင်ရင် သာသာယာယာ အစီအစဉ် အင်တာနက်ကို ဈေးနည်းနည်းနဲ့ သုံးချင်ရင်ဒေတာစုဘူး အစီအစဉ်တွေနဲ့ သုံးနိုင်မှာပါ” လို့ Telenor myanmar ရဲ့ စီအီးအို Lars Erik Tellmann ကပြောပါတယ်။


အဲဒီအစီအစဉ်ကို ရယူလိုရင် *979*10# ကိုခေါ်ဆို ရယူနိုင်မှာဖြစ်ပါတယ်။ ဒေတာစုဘူးကတော့ 1MB ကို ၁.၂၅ ကျပ်အထိသာ ကျသင့်တဲ့ အင်တာနက် အစီအစဉ်ဖြစ်ပါတယ်။ ဒီနေ့ကနေစလို့ သာသာယာယာ အစီအစဉ်ကိုရယူနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာ Telenor ရဲ့ မိုဘိုင်းကွန်ရက်ဟာ လူဦးရေ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး တာဝါတိုင်ပေါင်း ၈၀၀၀ ရှိတယ်လို့ သိရပါတယ်။



-ထွန်းထွန်း

Credit to ==>> Internet Journal





www.pyaephyo.com
 
 
 





0 comments:

Post a Comment