♪ " Huawei Maimang 6 အား တရားဝင်ကြေညာခဲ့ " ♫

Image may contain: phone

Huawei သည် Maimang 6 ကို တရားဝင်ကြေညာသွားခဲ့ပြီး Kirin 659 SoC ပါဝင်ကာ Octa-core Processor ဖြစ်ပြီး 5.9” Display ပါဝင်ကာ 2160 x 1080 pixel Resolution နှင့် 18:9 aspect Ratio ရှိကြောင်း တွေ့ကြရသည်။ RAM 4GB နှင့်ထောက်ပံ့ပေးထားပြီး ဖုန်းတွင်းသိုလှောင်နိုင်စွမ်းမှာ 64GB ဖြစ်သည်။ အဆိုပါဖုန်းသည် စုစုပေါင်း ကင်မရာလေးခုထိပါဝင်ခဲ့ပြီး ကျောဘက်တွင် 16MP + 2MP ကင်မရာနှစ်ခုနှင့် ရှေ့ဘက်တွင် Selfie အတွက် 13MP + 2MP ကင်မရာနှစ်ခုတို့ကို တွေ့ရမည်ဖြစ်သည်။

156.2 x 75.2 x 7.5 mm အရွယ်အစားရှိပြီး 164g လေးကြောင်း သိရှိရသည်။ အဆိုပါဖုန်းသည် Android 7.0 Nougat ကိုအခြေခံလျက် EMUI 5.1 ပါဝင်သည်။ အဆိုပါဖုန်းအတွက် 3340 mAh ဘက်ထရီအား သုံးစွဲပေးထားသည်။ Maimang 6 ကို တရုတ်နိုင်ငံပြင်ပတွင် Mate 10 Lite အဖြစ် ရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ Maimang 6 ၏ကျောဘက်တွင် Fingerprint Sensor ကိုတွေ့နိုင်ပြီး Dual Sim ကို Hybrid SIM Slot ဖြင့် ထောက်ပံ့မှုပေးထားကြောင်း သိရှိရသည်။ 

 ရွေးချယ်နိုင်သောအရောင်များမှာ အနက်၊ ရွှေရောင်နှင့် အပြာရောင်တို့ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအရ မူ CNY 2399 ဟုသိရပြီး ဒေါ်လာ 365 ၀န်းကျင် ကျသင့်မည်ဖြစ်သည်။ Pre-order စတင်မှာယူနိုင်ပြီဖြစ်ကာ စက်တင်ဘာ 30 နှင့် နောက်ပိုင်းမှသာ စတင်ရောင်းချပေးသွားမည်ဟု သိရှိရသည်။



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










0 comments:

Post a Comment