♪ ကမ္ဘာ့ ပထမဆုံး mega pixel အများဆုံး ကင်မရာအဖြစ် ဦးဆောင်မယ့် V7+ ♫


ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ခေတ်သစ်ကြီးမှာ ဘယ်အရာအဆို အရှိန်အဟုန် တိုးတက်ပြောင်းလဲနေမှသာ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ ရှင်သန်ကျန်ရစ်နေမှာဖြစ်ပါတယ်။ အထူးသဖြင့် နည်းပညာကို အခြေတည်ပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ လုပ်ငန်းစုကြီးတွေမှာ တိုးတက်ပြောင်းလဲမှုက အဓိက အသက်သွေးကြောတစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ကျယ်ပြန့်လာတဲ့ IT ဈေးကွက်တစ်ခုကတော့  စမတ်ဖုန်း ဈေးကွက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ အပြိုင်အဆိုင် နေရာယူထားတဲ့ စမတ်ဖုန်း ကုမ္ပဏီကြီးတွေကလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ လိုလားချက်ပေါ်မူတည်ပြီး တစ်ဆင့်ထက်တစ်ဆင့် ပိုကောင်းတဲ့ အရည်အသွေးတွေကို အပြိုင်အဆိုင် ထည့်သွင်းထုတ်လုပ်လာကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ စမတ်ဖုန်းသစ်တွေကို ဆက်တိုက်ဆိုသလို မိတ်ဆက်နေကြတာကို တွေ့ရပါတယ်။ အများစုကတော့ မျက်နှာပြင်ကို ပိုပြီး ကြီးမားကျယ်ပြန့်အောင်နဲ့ ဘေးကဘောင်တွေကို လျော့ချနိုင်အောင် ကြိုးပမ်းထားကြတာကို တွေ့ရပါတယ်။ ဒီအထဲကမှ Vivo ရဲ့ V7/V7+ ကတော့ အဓိကတိုးတက်ပြောင်းလဲမှု အဖြစ် ပိုပြီး ကြီးမားကျယ်ပြန့်လာတဲ့ ဖန်သားပြင်အချိုးနဲ့ mega pixel ပိုပြီးများပြားလာတဲ့ အရှေ့ကင်မရာတို့ကို ထည့်သွင်းထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။

သမားရိုးကျ မျက်နှာပြင်တွေက 16:9 ဖြစ်ပေမယ့် V7+ က 18:9 အချိုးကိုပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် V7+ ရဲ့ မျက်နှာပြင်က 5.99 လက်မဖြစ်သွားပြီး၊ ကိုယ်ထည်ပေါ်က ဖန်သားပြင်အချိုးက 84.44% အချိုးဖြစ်ပါတယ်။ မြင်ကွင်းအကျယ်က 12.5% ပိုသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Vivo ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူတို့ဟာ X1 မှာ Hi-Fi audio chips ကို ပထမဆုံး ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ စမတ်ဖုန်းလောကမှာ Hi-Fi audio chips ကို ကမ္ဘာ့ ပထမဆုံး ထည့်သွင်းခဲ့တဲ့ ထုတ်လုပ်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယအကြိမ် ဦးဆောင်မှုကတော့ V5 ရဲ့ 20MP အရှေ့ကင်မရာပါ။ ဒါကလည်း ကမ္ဘာ့ ပထမဆုံး 20MP အရှေ့ကင်မရာဖြစ်ခဲ့ပါတယ်။ ထပ်မံထုတ်လုပ်ခဲ့တဲ့ V5 plus ကလည်း ကမ္ဘာ့ ပထမဆုံး 20MP Dual selfie camera ဆိုတဲ့ ဂုဏ်ပုဒ်ကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပါတယ်။

အခု အသစ်ထပ်ထွက်လာတဲ့ V7+ မှာလည်း ကမ္ဘာ့ ပထမဦးဆုံး mega pixel ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်ပြီးရယူဖို့ သူတို့ရဲ့ အရှေ့ကင်မရာ mega pixel ပမာဏကို 24MP အဖြစ် တိုးမြှင့်ထားပါတယ်။ ဒီပမာဏက Vivo ကို ကမ္ဘာ့ mega pixel ပမာဏအများဆုံး အရှေ့ကင်မရာနဲ့ စမတ်ဖုန်းတစ်ခုအဖြစ် ဦးဆောင်စေဦးမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm







0 comments:

Post a Comment