♪ " Vivo မှ ကမ္ဘာ့ပထမဦးဆုံး mega pixel ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူရန် V7+ မှာ အရှေ့ကင်မရာရဲ့ Megapixel ပမာဏကို 24 MP အထိ တိုးမြှင့်ပေးထား " ♫

Image may contain: phone

Endorsed by : Vivo

အခု အသစ်ထပ်ထွက်လာတဲ့ V7+ မှာလည်း ကမ္ဘာ့ပထမဦးဆုံး mega pixel ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်ပြီးရယူဖို့ သူတို့ရဲ့ အရှေ့ကင်မရာ mega pixel ပမာဏကို 24MP အဖြစ် တိုးမြှင့်ထားပြန်ပါတယ်။ ဒီပမာဏက Vivo ကို ကမ္ဘာ့ mega pixel ပမာဏအများဆုံး အရှေ့ကင်မရာနဲ့ စမတ်ဖုန်းတစ်ခုအဖြစ် ဦးဆောင်စေဦးမှာဖြစ်ပါတယ်။ ဒုတိယအကြိမ် ဦးဆောင်မှုကတော့ V5 ရဲ့ 20MP အရှေ့ကင်မရာပါ။ ဒါကလည်း ကမ္ဘာ့ပထမဆုံး 20MP အရှေ့ကင်မရာဖြစ်ခဲ့ပါတယ်။ ထပ်မံထုတ်လုပ်ခဲ့တဲ့ V5 plus ကလည်း ကမ္ဘာ့ပထမဆုံး 20MP Dual selfie camera ဆိုတဲ့ ဂုဏ်ပုဒ်ကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ထူးထူးခြားခြားကျယ်ပြန့်လာတဲ့ ITဈေးကွက်တစ်ခုက စမတ်ဖုန်းဈေးကွက်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ အပြိုင်အဆိုင်နေရာယူထားတဲ့ စမတ်ဖုန်းကုမ္ပဏီကြီးတွေ ကလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ လိုလားချက်ပေါ်မူတည်ပြီး တစ်ဆင့်ထက်တစ်ဆင့် ပိုကောင်းတဲ့ အရည်အသွေးတွေကို အပြိုင်အဆိုင် ထည့်သွင်းလာကြပါတော့တယ်။ ဒီရက်ပိုင်းအတွင်းမှာ စမတ်ဖုန်း သစ်တွေကို ဆက်တိုက်ဆိုသလို မိတ်ဆက်နေကြတာကို တွေ့ရပါတယ်။ အများစုကတော့ မျက်နှာပြင်ကို ပိုပြီး ကြီးမားကျယ်ပြန့်အောင်နဲ့ ဘေးကဘောင်တွေကို လျော့ချနိုင်အောင် ကြိုးပမ်းထားကြတာကို တွေ့ရပါ တယ်။ ဒီအထဲကမှ Vivo ရဲ့ V7 / V7+ ကတော့ အဓိက တိုးတက်ပြောင်းလဲမှုအဖြစ် ပိုပြီး ကြီးမားကျယ်ပြန့် လာတဲ့ ဖန်သားပြင်အချိုးနဲ့ mega pixel ပိုပြီးများပြားလာတဲ့ အရှေ့ကင်မရာတို့ကို ထည့်သွင်းထုတ်လုပ် လာတာပဲ ဖြစ်ပါတယ်။

သမရိုးကျ မျက်နှာပြင်တွေက 16:9 ဖြစ်ပေမယ့် V7+ က 18:9 အချိုးကို ပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် V7+ ရဲ့ မျက်နှာပြင်က 5.99 လက်မဖြစ်သွားပြီး ကိုယ်ထည်ပေါ်က ဖန်သားပြင်အချိုးက 84.44% အချိုး ဖြစ်သွားပါတယ်။ မြင်ကွင်းအကျယ်က 12.5% ပိုသွားပါတယ်။ Vivo ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူတို့ဟာ X1 မှာ Hi-Fi audio chips ကို ပထမဆုံးထည့်သွင်းခဲ့ပါတယ်။ ဒါဟာ စမတ်ဖုန်းလောကမှာ Hi-Fi audio chips ကို ကမ္ဘာ့ပထမဆုံး ထည့်သွင်းခဲ့တဲ့ ထုတ်လုပ်မှုလည်း ဖြစ်ခဲ့ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








0 comments:

Post a Comment