♪ iPhone X vs Xiaomi Mi Mix 2 ကို ဝေဖန်သုံးသပ်ခြင်း ♫


ဘေးဘောင်မဲ့ မျက်နှာပြင်များ တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် iPhone X နဲ့ Xiaomi Mi Mix 2 တို့ကို မကြာခင်က ရှေ့ဆင့် နောက်ဆင့် မိတ်ဆက်သွားခဲ့ကြပါတယ်။ Mi Mix 2 ဟာ ယခင် Mi Mix နဲ့ မတူတဲ့ ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး အတွင်းပိုင်း အစိတ်အပိုင်းများကို အဆင့်မြှင့်ထားပါတယ်။ ရှောင်မီက Mi Mix ကို နိုင်ငံအချို့မှာသာ ရောင်းချပေးခဲ့ပေမယ့် Mi Mix 2 ကိုတော့ ကမ္ဘာအ၀န်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi Mix 2 မှာ ၅.၉၉ လက်မ IPS Display တပ်ဆင်ထားပြီး 2160×1080 Pixels Resolution ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ ဖြစ်ပါတယ်။ Mi Mix လိုပဲ Mi Mix 2 မျက်နှာပြင်ရဲ့ အထက်၊ ဘယ်နဲ့ ညာဘက်မှ ဘေးဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်ကိုလည်း ပါးလွှာအောင် ဖန်တီးပေးထားပါတယ်။ 

Apple iPhone X ကတော့ မျက်နှာပြင်ရဲ့ ဘေးဘက်ဘောင် ၄ ခုစလုံးဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အထက်မှာ TrueDepth Camera အတွက် နေရာအနည်းငယ်သာ ယူထားပါတယ်။ iPhone X မှာ ရုပ်ထွက်အကောင်းဆုံး ဖြစ်တဲ့ OLED Display အမျိုးအစားကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၈ လက်မ ဖြစ်ပြီး Super Retina Display လို့ အမည်ပေးထားပါတယ်။ Resolution မှာ 2436×1125 Pixels ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၅၈ ဖြစ်ပါတယ်။ 

Mi Mix 2 မှာ Qualcomm Snapdragon 835 Octa-Core Processor , Adreno 540 Graphics Chip , 6GB RAM ထည့်သွင်းထားပါတယ်။ 64GB/128GB/256GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ အထူးထုတ် မော်ဒယ်မှာ 8GB RAM, 128GB Storage ထည့်သွင်းထားပါတယ်။ Android 7.1 Nougat အခြေပြု MIUI 9.0 မောင်းနှင်မှာ ဖြစ်ပါတယ်။ iPhone X မှာတော့ Apple ဒီဇိုင်းထုတ်ထားတဲ့ GPU ပါတဲ့ A11 Bionic Hexa-Core Chipset ထည့်သွင်းထားပြီး iOS 11 မောင်းနှင်မှာ ဖြစ်ပါတယ်။ 64GB/256GB များ ရွေးချယ်နိုင်ပါတယ်။ 

Mi Mix 2 ရဲ့ မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်မှာ 5MP Front Camera နဲ့ Sensors များကို တပ်ဆင်ထားပါတယ်။ ရှောင်မီက အဲဒီ ကိရိယာများကို ဖွက်ထားချင်တဲ့အတွက် မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်ကို နက်မှောင်အောင် ဖန်တီးထားပါတယ်။ မျက်နှာပြင်ရဲ့ ထိပ်မှ အလွန်ပါးလွှာတဲ့ နေရာလေးမှာ စပီကာကို အရှေ့ဘက် မျက်နှာမူလျှက် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ Ultrasonic System ထည့်သွင်းထားပြီး စကရင်တစ်ခုလုံးကို Proximity Sensor အဖြစ် အသုံးပြုနိုင်စေပါတယ်။ 

စကရင်နဲ့ ဒီဇိုင်းအပြင် Mi Mix 2 ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုက ကင်မရာ ဖြစ်ပါတယ်။ Mi Mix 2 မှာ Optical Image Stabilization ပါတဲ့ 12MP Camrea တပ်ဆင်ထားပါတယ်။ သူဟာ Mi 6 မှ ကင်မရာနဲ့ တူညီပါတယ်။ အဲဒီအတွက် အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်မှာပါ။ ကင်မရာဟာ Mi Mix ကထက် တကယ်ကို တိုးတက်လာပါတယ်။ 

iPhone X မှာ Dual Optical Image Stabilization ပါတဲ့ Dual 12MP Camera System တပ်ဆင်ထားပါတယ်။ မြင်ကွင်းကျယ်နဲ့ Telephoto Lens များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 7MP Camera တပ်ဆင်ထားပါတယ်။ Mi Mix 2 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ iPhone X မှာတော့ လက်ဗွေရာအစား မျက်နှာအာရုံခံ နည်းပညာဖြစ်တဲ့ Face ID ကို ထည့်သွင်းထားပြီး မျက်နှာဖြင့် ဖုန်းကို Unlock ပြုလုပ်နိုင်ပါတယ်။ 

Mi Mix 2 မှာ 3400mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ် မပါပါဘူး။ iPhone X ကတော့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပါတယ်။ ဒါ့အပြင် iPhone X ဟာ ရေအနက် ၁ မီတာအထိ မိနစ် ၃၀ ကြာ သုံးနိုင်ပါတယ်။ Mi Mix 2 ကတော့ ရေစိုခံနိုင်ခြင်း မရှိပါဘူး။




Credit to ==> DigitalTimes.com.mm







0 comments:

Post a Comment