“အရှေ့နဲ့ အနောက်ဘက်မှာ Display ၁ ခုစီပါတဲ့ Yota 3”

Image may contain: phone

အရှေ့နဲ့ အနောက်ဘက်မှာ Display ၁ ခုစီတပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းကြောင့် YotaPhone ရဲ့ စမတ်ဖုန်းများဟာနာမည်ကြီးပါတယ်။ အခုတော့ YotaPhone က Yota 3 စမတ်ဖုန်းအသစ်ကိုတရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။

Yota 3 ရဲ့ အရှေ့ဘက်မှာ ၅.၅ လက်မ Full HD AMOLED Display နဲ့ အနောက်ဘက်မှာ ၅.၂ လက်မ E-ink Display တပ်ဆင်ထားပါတယ်။ E-ink Display ဟာအဖြူ၊ အနက်များကိုသာ ပြသပေးတဲ့အတွက် စွမ်းအင်စားသုံးမှု အလွန် နည်းပါးပါတယ်။ Qualcomm Snapdragon 625 Processor , 4GB RAM ထည့်သွင်းထားပါတယ်။

Yota 3 မှာ 12MP Rear Camera, 13MP Selfie Camera များ ထည့်သွင်းထားပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျင်မြန်တဲ့ USB Type-C Port တပ်ဆင်ထားပါတယ်။ Android 7.1.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။

Yota 3 ကိုတရုတ်မှာအောက်တိုဘာလမှာရောင်းချမှာဖြစ်ပေမယ့် နေ့ရက် အတိအကျကိုမသိရသေးပါဘူး။ 64GB Model ကိုယွမ် ၃၆၉၉ ၊ 128GB Model ကိုယွမ် ၄၂၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၇၅၀ ၀၀၀ နဲ့ ၈၈၀ ၀၀၀ ၀န်းကျင် ရှိနိုင်ပါတယ်။လက်ရှိမှာအနက်ရောင်တစ်မျိုး တည်းသာထုတ်လုပ်ပေး ထားပြီးနောက်ပိုင်းမှာအခြားအရောင်များ ထုတ်လုပ်ပေးနိုင်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








0 comments:

Post a Comment