“Meizu က တန်ဖိုးနည်း M6 ကိုကြေညာ”

Image may contain: phone

Meizu က ယခင်နှစ်ထုတ် M5 ရဲ့ မျိုးဆက် M6 ကိုတရုတ်မှာကြေညာ လိုက်ပါတယ်။ M6 ဟာတန်ဖိုးနည်းစမတ်ဖုန်း ဖြစ်ပြီးအခြေခံမော်ဒယ်ဟာ မြန်မာငွေ ၁၅၀ ၀၀၀ ၀န်းကျင်သာ တန်ကြေးရှိပါတယ်။ ဒေါ်လာအားဖြင့် ၁၀၀ ၀န်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Meizu M6 မှာ၅.၂ လက်မ HD Display ပါပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များတပ်ဆင်ထား ပါတယ်။ Home Button အောက်မှာလက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ၀.၂ စက္ကန့်အတွင်းမှာဖုန်းကို Unlock လုပ်နိုင်ပါ တယ်။3070mAh Battery ပါပါတယ်။Android 7.0 Nougat ကိုFlyme 6.0 UI နဲ့ ပေါင်းစပ်ထားပါတယ်။

M6 ကိုပလတ်စတစ်ကိုယ်ထည်ဖြင့် တည်ဆောက်ထားပေမယ့် သတ္တုဖရိမ် များတပ်ဆင်ထားပါတယ်။ 2GB RAM or 3GB RAM နဲ့ 16GB or 32GB Storage များရွေးချယ်နိုင်ပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Cardကိုအသုံးပြုနိုင်ပါတယ်။အရွယ်အစားအပြည့်အစုံမှာ148.2x72.8x8.3mm ဖြစ်ပြီး ၁၄၃ ဂရမ် အလေးချိန် ရှိပါတယ်။ Moonlight Silver, Champagne Gold , Matte Black, Electric Light Blue အရောင် များရွေးချယ်နိုင်ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတရုတ်မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








0 comments:

Post a Comment