♪ Huawei Mate 10 Lite တွင် ကင်မရာလေးလုံး ပါဝင်မည်ဟုဆို ♫


Huawei အနေနဲ့ အောက်တိုဘာ ၁၆ ရက်မှာ Mate 10, Mate 10 Pro နဲ့ Mate 10 Lite တို့ကို ပွဲထုတ်မိတ်ဆက်မှာ ဖြစ်ပြီး ၄၅၅ ဒေါ်လာနဲ့ ရောင်းချမယ့် Mate 10 Lite မှာ ကင်မရာလေးလုံး ပါဝင်မယ်လို့ Evan Blass က ဖော်ပြလိုက်ပါတယ်။

Blass ရဲ့အဆိုအရ ဖုန်းရဲ့ ကျောဘက်နဲ့ အရှေ့ဘက်မှာ dual-camera setup ပါဝင်ပြီး ကျောဘက်ပင်မကင်မရာက 16MP ဖြစ်ကာ အရှေ့ဘက် ပင်မကင်မရာက 13MP ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကင်မရာတွေကို 2-megapixel ကင်မရာတွေနဲ့ တွဲဖက်ထားပါတယ်။

ဒါကြောင့် Mate 10 Lite ဟာ P9 လိုမျိုး resolution တူညီတဲ့ ဒုတိယ sensor ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ P9 လိုမျိုး မှုန်ဝါးတဲ့နောက်ခံ ဖန်တီးသလိုမျိုး effect တွေ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး Mate 10 Lite မှာ ဖုန်းမျက်နှာပြင်ရဲ့ ၈၃ ရာခိုင်နှုန်းကို နေရာယူထားတဲ့ FHD+ ၅.၉ လက်မ screen ပါဝင်လာပြီး 2.36GHz Kirin 659 processor, 4GB RAM နဲ့ 3,340mAh ဘက်ထရီတို့ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။


-နောင်နောင်Credit to ==> Internet Journal






0 comments:

Post a Comment