♪ မျိုးဆက်သစ် Sony ဖုန်းများကို ဒီဇိုင်းအသစ်ဖြင့် တွေ့မြင်ရမည် ♫


Sony အနေနဲ့ အသစ်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ ဒီဇိုင်းတွေကို အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ The Indian Express ကဖော်ပြခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဈေးကွက်ထဲက X စီးရီးထုတ်ကုန်တွေမှာ OmniBalance ဒီဇိုင်းကို ဆက်လက်အသုံးပြု သွားပါမယ်။ ဒါ့အပြင် မျိုးဆက်သစ်ထုတ်ကုန်တွေကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ ထုတ်ကုန်တွေမှာ လုံးဝခြားနားတဲ့ ဒီဇိုင်းသစ် ပါဝင်လာမှာပါ” လို့ အိန္ဒိယနိုင်ငံမှ Sony ရဲ့စီမံခန့်ခွဲရေးဒါရိုက်တာ ကန်နီချီရိုဟီဘီ က ပြောခဲ့ပါတယ်။



Sony အနေနဲ့ ၂၀၁၈ ခုနှစ် MWC မှာပြသမယ့် ထုတ်ကုန်သစ်တွေမှာ OmniBlance ဒီဇိုင်းကို အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Sony အနေနဲ့ ဈေးကွက်ဝေစု အခိုင်အမာရရှိဖို့ ဒီဇိုင်းပိုင်း အပြောင်းအလဲ ပြုလုပ်နိုင်ဖွယ်ရှိပြီး ဒီဇိုင်းသစ်မှာ bezel ပါဝင်လာဖွယ်တော့ မရှိပါဘူး။

Apple, Samsung, LG နဲ့ Xiaomi တို့ကလည်း အလားတူ display တွေပါဝင်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ထားကြသလို Huawei ကလည်း ဘောင်မဲ့ စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Sony ရဲ့ထုတ်ကုန်သစ်တွေမှာ dual-camera setup နဲ့ AI ထောက်ပံ့မှုတွေ ပါဝင်လာမယ်ဆိုရင် Sony က ခေတ်ပြိုင် စမတ်ဖုန်းထုတ်လုပ်သူတစ်ဦး ဖြစ်လာဖွယ်ရှိပါတယ်။
 
 
 
စိုးထက်Credit to ==>Internet Journal







www.pyaephyo.com
 
 
 





0 comments:

Post a Comment