♪ နည်းပညာအသစ်ပုံစံအသစ်တွေနဲ့ ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်တဲ့ - " Xiaomi Mi Mix 2 " ♫

Image may contain: phone and screen

Xiaomi ဟာ မနှစ်က ဘေးဘောင်မပါသလောက်နီးပါးဖြစ်တဲ့ Mi Mix ကို ထုတ်လုပ်ခဲ့ပြီး 2017 ရဲ့ display အဓိကအသားပေးတဲ့ ဒီဇိုင်းမှာ ဦးဆောင်ခဲ့ပါတယ်။ Xiaomi Mi Mix 2 မှာတော့ ယမန်နှစ်ကထက် ပြိုင်ဘက်တွေ ပိုများလာခဲ့ပြီဖြစ်တာကြောင့် အခြေအနေဘယ်လိုရှိမယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ Mi Mix 2 ဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့ update တစ်ခုဖြစ်ခဲ့ပြီး ကွဲပြားတဲ့ display ဒီဇိုင်းနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အတော်များများအတွက်မူ Mi Mix ဟာ ဘေးဘောင်မပါသလောက်ရှိတာတောင်မှ ကြီးလွန်းနေခဲ့ပြီး ဒါတွေဟာ Mi Mix 2 မှာ ပြောင်းလဲခဲ့ကာ အားသာချက်တွေအားလုံးကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဆင့်မြှင့်ခဲ့တဲ့ ဒီဇိုင်းမှာ ဘေးထောင့်တွေကို ကွေးဝိုက်ထားပြီး အလျူမီနီယံဘောင်နဲ့ ကြွေသားနဲ့ ဖန်တီးထားတဲ့အတွက် ကျောဘက်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ပိုသေးလာတာကြောင့် လက်ထဲမှာ သက်သောင့်သက်သာ ကိုင်ထားနိုင်ပါတယ်။ Mi Mix 2 မှာ headphone jack မပါဝင်လို့ ဒါကိုတော့ မနှစ်သက်သူတွေ ရှိနိုင်ပါတယ်။

Xiaomi Mi Mix 2 ဟာ 5.99" display full HD resolution နဲ့ 18:9 aspect ratio တို့ရှိပါတယ်။ Display ရဲ့ အရည်အသွေးဟာ အထူးကောင်းမွန်ပြီး ဘေးဘောင်တွေ မပါသလောက်ရှိတာကြောင့် ကြည့်ရတာ အထူးကောင်းမွန်ခဲ့ပါတယ်။ ထိပ်ဘက်ပိုင်းဟာလည်း ဘေးဘောင်နှစ်ဖက်လိုပဲ ပါးလွှာလွန်းတာကြောင့် ရှေ့ကင်မရာကို အောက်ဖက်ထောင့်ကို ရွှေ့ခဲ့ရပါတယ်။ 5MP selfie ကင်မရာကို သုံးချိန်မှာ ပိုပြီးသဘာဝကျကျရိုက်နိုင်ဖို့ ဖုန်းကိုလှည့်ပေးဖို့ ကင်မရာ app က သတိပေးမှာဖြစ်ပါတယ်။ Mi Mix ရဲ့ နောက်ထပ်ပြဿနာက စပီကာဖြစ်ပြီး Mi Mix 2 မှာ တကယ့်စပီကာကို ပြန်လည်ထည့်သွင်းပေးလာခဲ့ပါတယ်။ Ultrasonic proximity sensor ကြောင့် ဖုန်းဟာ မျက်နှာနားမှာလား ၊ အိတ်ကပ်ထဲမှာလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ Mi Mix 2 မှာ Qualcomm Shapdragon 835 ပါဝင်ပြီး RAM 6GB ပါဝင်သလို 64 / 128 / 256 GB storage တွေကိုလည်း ရွေးချယ်နိုင်တာကြောင့် ဒီဇိုင်းနဲ့ display ကိုပဲ အသားပေးတဲ့ ဖုန်းတစ်ခုမဟုတ်တာ သေချာခဲ့ပါတယ်။ 3400 mAh ဘက်ထရီပါဝင်ပြီး အားအမြန်ဖြည့်နိုင်ဖို့ Qualcomm ရဲ့ Quick charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ဒီဖုန်းကို အထူးဒီဇိုင်းအနေနဲ့လည်း ထုတ်လုပ်ပေးမှာဖြစ်ပြီး ဒါကတော့ ဘေးက အလျူမီနီယံဘောင်မပါတဲ့ ကြွေသားသီးသန့် unibody ဒီဇိုင်းဖြစ်ပြီး ကင်မရာပတ်ပတ်လည်မှာ 18K PVD gold coating ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအထူးထုတ်လုပ်ထားတဲ့ special edition Mi Mix 2 မှာ RAM 8 GB နဲ့ storage 128 GB ပါဝင်မှာ ဖြစ်ပါတယ်။
ကင်မရာဟာ dual မဟုတ်ဘဲ IMX 386 image sensor နဲ့ 4 axis optical image stabilization f/2.0 aperture ရှိတဲ့ ကင်မရာတစ်ခုပဲ ဖြစ်ပါတယ်။ ကင်မရာ app ကတော့ အခြားသော Xiaomi ဖုန်းတွေနဲ့ မကွာခြားလှပါဘူး။ Mi Mix 2 ဟာ ကမ္ဘာကိုပါ ဖြန့်ချိမှာဖြစ်တဲ့အတွက် Mi Note 2 ထက် band တွေ ပိုမိုများပြားစွာ ပါဝင်ခဲ့ပါတယ်။ Mi Mix 2 ဟာ ကမ္ဘာ့နေရာအနှံ့အပြားကို ပိုမိုရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ခြုံငုံသုံးသပ်ရရင် Mi Mix 2 ဟာ မူလဖုန်းရဲ့အမှားတွေကို ပြင်နိုင်ခဲ့ပြီး 6" display ဟာ ကြီးမားပေမယ့် ကိုင်တွယ်ရလွယ်ကူခဲ့ပါတယ်။ ကွေးထားတဲ့ထောင့်တွေနဲ့ ကြွေသားကြောင့် ဖုန်းဟာ လှပရုံမက လက်ထဲမှာ သက်သောင့်သက်သာ ကိုင်ထားနိုင်စေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် လက်ထဲမှာ display တစ်ခုကိုပဲ ကိုင်ထားရတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ပေးနိုင်ခဲ့ပါတယ်။
>>>>>>>>>>>>

 Image may contain: phone

" Xiaomi Mi Note 3 "
----------------
Mi Note 3 မှာ 5.5" display ပါဝင်ပြီး Snapdragon 660 chipset ကို RAM 6GB နဲ့ တွဲဖက်သုံးစွဲထားပါတယ်။ Storage ကို 64 (သို့) 125 GB ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Mi Mix 2 လို Bezeles design ကို သုံးမထားတဲ့အတွက် Mi Mix 2 လောက် ကျစ်လျစ်မှုမရှိပေမယ့် Xiaomi ရဲ့အဆိုအရ ဘေးဘောင်တွေဟာ ပါးလွှာဆဲဖြစ်တာကြောင့် iPhone 7 Plus ထက် သေးငယ်တယ်လို့ ဆိုထားပါတယ်။ Mi Note 3 ရဲ့ အဓိက feature တစ်ခုကတော့ ကျောဘက်မှာပါဝင်တဲ့ dual-camera ပုံစံပဲဖြစ်ပြီး 12 MP wide-angle lens နဲ့ 12 MP telephoto lens တို့ပါဝင်ကာ 2x optical zoom ပါဝင်ပါတယ်။ ကင်မရာဟာ 4 axis optical image stabilization ကိုသုံးထားပြီး botech image တွေကို ရိုက်ကူးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 16MP ဖြစ်ပြီး Adaptable A1 Beauty Mode ပါဝင်ပါတယ်။ ပုံရဲ့အရည်အသွေးကို မထိခိုက်စေဘဲ သဘာဝကျတဲ့ beautify effect ကိုရနိုင်မယ်လို့ ဆိုပါတယ်။ Mi Note 3 မှာ 3500 mAh ဘက်ထရီပါဝင်ပြီး NFC နဲ့ IR blaster တို့ပါဝင်သလို စတီရီယိုစပီကာလည်း ပါဝင်ပါတယ်။ Fingerprint scanner ကိုလည်း display အောက်ဘက် home ခလုတ်နေရာမှာ ထည့်သွင်းထားပြီး USB Type C port ပါဝင်သလို ဖုန်းကို unlock လုပ်ဖို့ fecial recognition ကိုလည်း သုံးနိုင်ပါတယ်။
Mi Note 3 ဟာ Mi 6 နဲ့ များစွာတူညီပြီး ကျောဘက်ကို ကွေးထားတာကြောင့် ကိုင်တွယ်ရ ပိုမိုအဆင်ပြေစေခဲ့ပါတယ်။ အနက်နဲ့ အပြာရောင်တွေကအစ Mi 6 နဲ့တူညီခဲ့ပြီး အရွယ်အစားပိုကြီးလာတာပဲ ရှိခဲ့ပါတယ်။ Software တွေဟာလည်း တူညီပြီး MIUI သုံးစွဲနေကျသူများအတွက် အခက်အခဲမရှိ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ခလုတ်အပိုတွေ ထည့်သွင်းပေးနိုင်မယ့် soft key, Dual app စတာတွေ ပါဝင်လာပါတယ်။ App drawer မပါတဲ့ home screen ကိုတော့ နှစ်သက်သူတွေကော မနှစ်သက်သူတွေပါ အမျိုးမျိုးကွဲပြားနေကြပါတယ်။ ကင်မရာနှစ်ခုဟာ dual 12 MP ဖြစ်ပြီး ပုံမှန်နဲ့ zoom lens ပေါင်းစပ်မှုဟာ portrait mode ကို Android ထံ ယူဆောင်ပေးလာခဲ့ပါတယ်။
အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ရခြင်းဟာ Xiaomi အနေနဲ့ feature တွေကို စမ်းသပ်ချင်လို့ ဖြစ်နိုင်ပါတယ်။ A1 Beautify mode ကို ရှေ့ဘက် 16MP ကင်မရာနဲ့ သုံးနိုင်ပြီး beautify သုံးတာစွဲနေတဲ့ ပရိသတ်တွေအတွက် အဓိကရည်ရွယ်ခဲ့ပုံရပါတယ်။ မျက်နှာအနေအထားကို ပြင်ဆင်ပေးနိုင်တဲ့အပြင် Virtual makeup ပါ ပါဝင်လာခဲ့ပြီး အမျိုးသမီးတွေသာမက အမျိုးသားများမှာပါ သုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် Mi Note 3 ဟာ တရုတ်ဈေးကွက်မှာ စမ်းသပ်ထုတ်လုပ်တာနဲ့တူနေပြီး အဆင်သင့်ဖြစ်တဲ့အချိန်မှ ကမ္ဘာ့ဈေးကွက်ထဲမှာ မြင်ရမယ်လို့ ယူဆထားနိုင်ပါတယ်။ ဈေးနှုန်းအရ 64GB ဟာ RAM 2499 $385 ၀န်းကျင်နဲ့ 128GB ကိုတော့ RMB 2899 $445 ၀န်းကျင် သတ်မှတ်ထားပါတယ်။ စတင်ရောင်းချမယ့်ရက်စွဲကို မသိရသေးပါဘူး။
>>>>>>>>>>>>

Image may contain: screen and laptop

" Mi Notebook Pro "
----------------
Xiaomi ဟာ Mi Notebook Pro ကို ပြသသွားခဲ့ပြီး CEO LeiJum က ဈေးသက်သာပြီး ကောင်းမွန်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားတာဟာ ရိုးရှင်းတဲ့ စကားတစ်ခုဖြစ်ပေမယ့် လက်တွေ့လုပ်ဆောင်ရာမှာ ခက်ခဲတယ်လို့ ဆိုခဲ့ပါတယ်။ Mi Notebook Pro ဟာ 8th generation i7 processor သုံးတဲ့ အစောပိုင်း notebook တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး ယခင်မျိုးဆက် processor တွေထက် 40% ပိုမိုစွမ်းဆောင်ရည်မြင့်မားလာပြီး ယခင်မျိုးဆက်တွေထက် စွမ်းအင်သုံးစွဲမှုအပိုင်းမှာလည်း ပိုမိုထိရောက်လာခဲ့ပါတယ်။ 15" Notebook မှာ dual channel RAM 16GB ထိပါဝင်ပြီး storage ကလည်း 1 TB SSD ထိပါဝင်နိုင်ကာ Nvidia Geforce MX 150 ဂရပ်ဖစ်ကတ်ကို သုံးစွဲထားပါတယ်။ LeiJum ရဲ့အဆိုအရ Mi Notebook မှာ အထူးဖန်တီးထားတဲ့ cooling system ပါဝင်ပြီး dual-fans နဲ့ ပိုမိုကြီးတဲ့ heat pipe တွေက လေစီးဆင်းမှုကို နှစ်ဆတိုးစေမယ်လို့ ဆိုထားပါတယ်။ ဒီဇိုင်းအရ Mi Notebook Pro ဟာ ရှင်းရှင်းလင်းလင်းပုံစံရှိပြီး မီးခိုးရင့်အရောင်ဟာ နောက်ဆုံးထုတ် MacBook Pro ကို သတိရစေပါတယ်။ LeiJun က Xiaomi ရဲ့ အင်ဂျင်နီယာများဟာ MacBook Pro ကို သဘောကျပြီး Mi Notebook Pro ကို ဒီဇိုင်းထုတ်ရာမှာ MacBook Pro နဲ့ ဆင်တူတာတွေရှိတယ်လို့ ဆိုခဲ့ပါတယ်။
Mi Notebook Pro မှာ ထူးခြားမှုအနေနဲ့ Fingerprint sensor ပါဝင်ပြီး trackpad ရဲ့ ညာဘက်အပေါ်ထောင့်မှာ တပ်ဆင်ထားပါတယ်။ Display ကို Coming Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပြီး ဘေးဘောင်တွေဟာ အထူးပဲပါးလွှာပြီး 6.25 mm သာရှိပါတယ်။ Connectivity အတွက် Mi Notebook Pro မှာ SD card slot ပါဝင်သလို USB Type C port နှစ်ခု၊ HDMI နဲ့ headphone jack စတာတွေ ပါဝင်ပါတယ်။ Mi Notebook ကို 6999 RMB နဲ့ တရုတ်မှာ ရောင်းချမှာဖြစ်ပါတယ်။ 15.6" Display ပါဝင်ပြီး 1.95 kg သာ လေးပါတယ်။ MacBook Pro ကို တကယ်ပဲယှဉ်ပြီး ရောင်းချနိုင်မလားဆိုတာကတော့ အချိန်ကာလကပဲ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal









0 comments:

Post a Comment