♪ " DxO Mark မှ iPhone 8 Plus နှင့် 8 ကို အကောင်းဆုံးစမတ်ဖုန်းကင်မရာအဖြစ် သတ်မှတ် " ♫

Image may contain: phone and text

DxO Mark သည် iPhone 8 နှင့် 8 Plus တို့၏ကင်မရာများကို စမ်းသပ်ခဲ့ပြီး ပထမနေရာနှစ်ခုကို ရယူသွားခဲ့ကာ HTC U II နှင့် Google Pixel တို့အား ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။ DxO တွင် Pixel သည် U II နှင့်အတူ ရမှတ် 90 ဖြင့် ဦးဆောင်နေခဲ့ပြီး ယခုတခါ iPhone 8 Plus ၏ ကင်မရာမှာ အကောင်းဆုံးဖြစ်လာခဲ့၍ ရမှတ် 94 မှတ်ထိရခဲ့ပြီး iPhone 8 မှာ ဒုတိယနေရာတွင် 99 မှတ်ဖြင့် ရယူထားခဲ့သည်။

iPhone 8 Plus သည် ဓာတ်ပုံရိုက်ကူးရာတွင် အားသာခဲ့ပြီး စံချိန်ချိုးသည့် ရမှတ် 96 မှတ်ထိ ရရှိခဲ့ကာ ဗီဒီယိုရိုက်ကူးရာတွင်မူ HTC U II နှင့်တူညီ၍ 89 မှတ်ရခဲ့ပြီး Pixel ၏ 91 မှတ်ထက် အနည်းငယ်လျော့နည်းခဲ့သည်။ iPhone 8 Plus တွင် ဓာတ်ပုံအရည်အသွေး အထူးကောင်းမွန်သလို ထိပ်တန်းအဆင့် Portrait Mode လည်းပါဝင်ပြီး HDR မြင်ကွင်းများ၌လည်း ဦးဆောင်နိုင်ခဲ့သည်။

အကောင်းဆုံး Zoom နှင့် အကောင်းဆုံး Bokch Effect များရှိကာ Video Stabilization နှင့် Color Rendering လည်း အထူးကောင်းမွန်ကြောင်း တွေ့ရသည်။ အားနည်းချက်များအနေဖြင့် အချို့အခြေအနေများတွင် Autofocus ပြဿနာရှိပြီး Video အတွက် Exposure ပြဿနာရှိနေပြီး မှောင်သောနေရာတွင် ရိုက်ကူးလျှင် Noise များဖြစ်ပေါ်တတ်ကြောင်း သိရသည်။

iPhone 8 မှာ DxO Labs မှစမ်းသပ်ခဲ့သမျှ ကင်မရာတစ်ခုထဲပါသောဖုန်းများတွင် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်လာခဲ့သည်။ iPhone 8 Plus ၏ ကင်မရာနှင့်အတူတူဖြစ်ရာ ထိုရလဒ်မှာ မထူးဆန်းဟု ဆိုနိုင်သည်။ ထို့ကြောင့် အားသာချက်၊ အားနည်းချက်များလည်း တူညီခဲ့သည်။ iPhone 8 နှင့် အကောင်းဆုံး HDR စွမ်းဆောင်ရည်ကို ရနိုင်မည်ဖြစ်သည်။ 



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










0 comments:

Post a Comment