♪ နောက်လအစမှာ အသစ်ထွက်ရှိလာမယ့် ရေလုံစနစ်နဲ့ Moto G5S Plus ♫


နောက်လအသစ်ထွက်ရှိလာမယ့် Motorola Moto G5S Plus ကို စက်တင်ဘာ 29ရက်နေ့ အမေရိကန်မှာ စတင်ဖြန့်ဝေမှာဖြစ်ပြီး နောက်လမှာ ပြည်ပကို တင်ပို့ဖြန်ချိမှာဖြစ်ပါတယ်။ Motorola ဟာ Google နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေရှိပြီး ဖုန်းများစွာကို ဆက်တိုက်ထုတ်မယ်လို့ ကြေငြာထားတာဖြစ်ပါ တယ်။

G5S Plus ဟာ 5.2-inch 1080p screen အစား 5.5-inch 1080p screen နဲ့5-megapixel front camera အစား 8 megfapixel front camera တို့ကို တိုးပြီး ထုတ်ထားတာဖြစ်ပါတယ်။Dual rear cameras အတွက်လည်း ပထမက 12 megapixel rear camera ကိုပြောင်းလဲပြီး Dual 13 megapixel rear cameras ကိုထည့်သွင်းထားတာဖြစ်ပါ တယ်။

G5S Plus က Snapdragon 625 processor ဖြစ်ပြီး ဘက်ထရီက 3000mAh battery ဖြစ်ပါတယ်။ RAM 3GB နဲ့ storage က 32 GB ဖြစ်နိုင်ပြီး RAM 4GB နဲ့ storage က 64 GB ဖြစ်နိုင်ပါတယ်။Motorola က လက်ရှိအသစ်ထွက်လာမယ့်ဖုန်းကို ရေစိမ့်မဝင်နိုင်အောင် အထူးပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Screen မျက်နှာပြင်အကျယ်နဲ့ G5S Plus ကို အကြမ်းခံအောင်အထူးပြုလုပ်ထားတယ်လို့ သိရပါတယ်။ဈေးနှုန်း အားဖြင့် $ 230 ဖြစ်ပြီး မြန်မာပြည်ကို ရောက်ရှိလာမယ်ဆိုရင် မြန်မာကျပ်ငွေ ၃ သိန်းကျော် ကျသင့်မှာဖြစ်ပါ တယ်။



Credit to ==> DigitalTimes.com.mm







0 comments:

Post a Comment