♪ " MPT ၏ ခေါ်သူနားဆင်တေးသံစဉ် (Caller Ring Back Tone) ဝန်ဆောင်မှုတွင် တိုင်းရင်းသားတေးသီချင်းများစွာကို ရယူအသုံးပြုနိုင်မည် " ♫

Image may contain: phone

MPT ၏ ခေါ်သူနားဆင်တေးသံစဉ် (Caller Ring Back Tone) ဝန်ဆောင်မှုတွင် တိုင်းရင်းသားတေးသီချင်းများစွာကို ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အသုံးပြုသူများအနေဖြင့် MPT ၏ ခေါ်သူနားဆင်တေးသံစဉ်ဝန်ဆောင်မှုကို ရယူလိုက်သည်နှင့် မိမိကြိုက်နှစ်သက်ရာ တိုင်းရင်းသားတေးသီချင်းသံစဉ်များကို မိမိဖုန်း၏ တေးသံစဉ်အဖြစ် သင့်တင့်သောနှုန်းထားဖြင့် ရယူနိုင်သည်။ 

ပုံမှန်အားဖြင့် CRBT ဆိုသည်မှာ မိမိထံဖုန်းခေါ်ဆိုသူများကို မိမိဆီသို့ ခေါ်ဆိုနေစဉ်အတွင်း သီချင်းသံကို ဖုန်းမြည်သံအဖြစ် ကြားနိုင်အောင်ပြုလုပ်ပေးသည့် (ခေါ်သူနားဆင်တေးသံစဉ်) ဝန်ဆောင်မှု ဖြစ်သည်။ MPT အနေဖြင့် CRBT ဝန်ဆောင်မှု စတင်စဉ်ကပင် တိုင်းရင်းသားသီချင်းများကို ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသားသီချင်း အပုဒ်ရေများစွာကို ထပ်မံတိုးမြှင့် ထည့်သွင်းလိုက်ပြီဖြစ်သည့်အတွက် လက်ရှိပေးအပ်နေသည့် နိုင်ငံတကာနှင့် ပြည်တွင်းသီချင်းထောင်ပေါင်းများစွာအပြင် သုံးစွဲသူများအနေဖြင့် တိုင်းရင်းသားသီချင်းအပုဒ်ရေ ရာပေါင်းများစွာထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်မည်ဖြစ်သည်။

ယခု အသစ်မိတ်ဆက်လိုက်သည့် တိုင်းရင်းသားတေးသံစဉ် ထပ်ဆောင်းဝန်ဆောင်မှုကြောင့် အဓိကတိုင်းရင်းသားလူမျိုးစု (7) ခုဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း အစရှိသော ဒေသများမှ MPT သုံးစွဲသည့် တိုင်းရင်းသားများအနေဖြင့် စုံလင်လှသည့် တိုင်းရင်းသားအနုပညာရှင်များ၏ သီချင်းသံစဉ်များကို ရွေးချယ်ကာ မိမိဖုန်းတေးသံစဉ်အဖြစ်သတ်မှတ်ပြီး ဖုန်းခေါ်ဆိုသူများကို နားဆင်စေနိုင်မည်ဖြစ်ပါသည်။ MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ CRBT ဝန်ဆောင်မှုတွေအတွက် တောင်းဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တွေမှာသာမကဘဲ ကျန်တဲ့ဒေသတွေမှာပါ မြင့်တက်လာနေပါတယ်။ တိုင်းရင်းသားတေးသီချင်းများစွာကို သင့်တင့်တဲ့နှုန်းထားတစ်ရပ်အနေနဲ့ ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့သုံးစွဲသူတွေရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ် ” ဟု ပြောကြားခဲ့သည်။

MPT အနေဖြင့် သုံးစွဲသူများအား တိုင်းရင်းသားတေးသီချင်းများကို CRBT ဝန်ဆောင်မှုဖြင့် ပံ့ပိုးပေးနိုင်ရန် Crystal Shine ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ MPT ၏ တိုင်းရင်းသားတေးသီချင်းများ ရယူနိုင်မည့် ခေါ်သူနားဆင်တေးသံစဉ် CRBT အစီအစဉ်တွင် တိုင်းရင်းသားလူမျိုးများအကြား ရေပန်းစားနေသည့် ကျေးလက်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာသီချင်း အများအပြား ပါဝင်မည်ဖြစ်သည်။ MPT၏ GSM နှင့် WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို နေ့စဉ်နှင့် လစဉ် အစီအစဉ်ဟူ၍ ရွေးချယ်နိုင်မည်ဖြစ်ကာ နေ့စဉ်အစီအစဉ်အတွက် တစ်ရက်လျှင် 47 ကျပ်သာ ကျသင့်မည်ဖြစ်ပြီး 7979 သို့ <REG D> ဟူ၍ စာတိုပေးပို့ကာ ရယူနိုင်သည်။


လစဉ်အစီအစဉ်အတွက် တစ်လလျင် 1,050 ကျပ်ဖြင့် 7979 သို့ <REG M> ဟူ၍ စာတိုပေးပို့ ရယူရမည်ဖြစ်သည်။ CRBT ဝန်ဆောင်မှုကို မှတ်ပုံတင်ပြီးသားသူများအနေဖြင့် 7979 သို့ <BUY> နှင့် သက်ဆိုင်ရာကုဒ်နံပါတ်ဖြစ်သည့် ဂဏန်း 10 လုံးကိုထည့်ကာ စာတိုပေးပို့ပြီး မိမိနှစ်သက်ရာ တိုင်းရင်းသားတေးသံစဉ်များကို ဝယ်ယူနိုင်မည်။ CRBT ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက 106 သို့ ဖုန်းခေါ်ဆိုပြီး ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment