♪ MPT အချင်းချင်း ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၁၀ ကျပ် အစီအစဉ်ပြုလုပ်မည် ♫


MPT အချင်းချင်းခေါ်ဆိုရင် တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်မယ်လို့ သိရပါတယ်။ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ MPT ကနေ အခြားဆက်သွယ်ရေး အော်ပရေတာတွေကို ဖုန်းခေါ်ဆိုခြင်းတွေအပြင် စာတိုပေးပို့တာ၊ အင်တာနက် အသုံးပြုတာတွေကို အသက်သာဆုံးနှုန်းတွေနဲ့ ပြုလုပ်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အသေးစိတ်ကိုတော့ မကြာခင်မှာပဲပြောသွားမယ်လို့ပဲ ဆိုပါတယ်။ နှုန်းထားတွေကိုတော့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ MPT အချင်းချင်းဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၁၀ ကျပ်၊ အခြားအော်ပရောတွေကို ဖုန်းခေါ်ဆိုခ ၂၄ ကျပ်၊ စာတိုပေးခြင်းအတွက် တစ်စောင်ကို ၁၅ ကျပ်၊ အင်တာနက်ဒေတာ 1MB ကို ၈ ကျပ်နှုန်းဖြစ်ပါတယ်။


“ဈေးအသက်သာဆုံး ဖုန်းခေါ်ဆိုခ၊ စာတိုပေးပို့ခြင်းနဲ့ အင်တာနက် အသုံးပြုခတွေ ပါဝင်မယ့် နှုန်းထား အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်၊ မကြာခင်မိတ်ဆက်ကြေညာမယ့် ဒီဝန်ဆောင်မှုအသစ်အတွက် ကျွန်တော်တို့ စိတ်လှုပ် ရှားနေပါတယ်” ဆိုပြီး MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။ ဘယ်လိုရ ယူရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အောက်တိုဘာလမှာ ဆောင်ရွက်မယ်လို့ဆိုပါတယ်။




-ထွန်းထွန်း
Credit to ==>Internet Journal







www.pyaephyo.com
 
 
 





0 comments:

Post a Comment