♪ ၂၀၁၈ ခုနှစ်ထုတ် iPhone အားလုံးမှာ Face ID ပါမည် ♫


KGI Securities က ၂၀၁၈ ခုနှစ်ထုတ် iPhone များအားလုံးမှာ မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ Face ID နည်းပညာထည့်သွင်းထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံတဲ့ နည်းပညာဟာ Apple အတွက် စိန်ခေါ်မှုများ ရှိနေသေးတဲ့အတွက် Face ID ကိုသာ ပိုပြီး အလေးပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် iPhone X ရဲ့ Face ID ကို လူတွေ သဘောကျကြမယ်ဆိုရင် Apple ဟာ နောက်ထုတ်မယ့် iPhone အားလုံးမှာ TrueDepth Front-Facing Camera နဲ့ Face ID ကို ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်လို့ သူက ပြောပါတယ်။ TrueDepth Camera က ထူးခြားဆန်းသစ်တဲ့ အလုပ်များစွာကို ဖန်တီးပေးနိုင်ပြီး အဲဒီအထဲမှာ လက်ရှိမှာတော့ Face ID က အကောင်းဆုံးဖြစ်နေပါတယ်။
ဒီနှစ်မှာ ရောင်းချမယ့် iPhone များထဲမှာ Face ID ကို iPhone X တစ်လုံးထဲမှာသာ ထည့်သွင်းပေးထားပြီး iPhone 8 နဲ့ iPhone 8 Plus တို့မှာ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။

Apple ဟာ ယခုနှစ် စမတ်ဖုန်းဒီဇိုင်း Trend ဖြစ်တဲ့ Full Screen Display ကို iPhone X မှာ ထည့်သွင်းထားတဲ့အတွက် Home Button နဲ့ Fingerprint Scanner ကို ဖယ်ရှားခဲ့ရပါတယ်။ အဲဒီအတွက် Touch ID ကို အသုံးပြုလို့မရတော့ဘဲ Face ID ကိုသာ မှီခိုရခြင်း ဖြစ်ပါတယ်။ Full Screen Display ကို သုံးမယ်ဆိုရင်တော့ Fingerprint Scanner ကို Display အောက်မှာ မြှပ်နှံနိုင်မယ့် နည်းပညာကို ဖန်တီးရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm







0 comments:

Post a Comment