♪ Octa-core CPU နဲ့ ၅.၂ လက်မ display ပါဝင်တဲ့ Meizu M6 ♫


ကြေညာထားတဲ့အတိုင်းပင် Meizu M6 ကို စက်တင်ဘာ ၂၀ ရက်မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ ၅.၂ လက်မ HD display ပါဝင်ပြီး Mediatek MT6750 SoC နဲ့ octa-core 1.5GHz processor ကို အသုံးပြုထားပါတယ်။ RAM ကို 2GB နဲ့ 3GB option များနဲ့ရရှိနိုင်ပြီး storage ကိုလည်း 16GB နဲ့ 32GB ဆိုပြီး ရရှိနိုင်ပါတယ်။



M6 ရဲ့ကျောဘက်မှာ 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။ Android 7.0 Nougat ကိုအခြေခံထားတဲ့ Flyme 6.0 UI နဲ့အသုံးပြုနိုင်ပြီး ဘက်ထရီက 3,070mAh ဖြစ်ပါတယ်။



ဒီဟန်းဆက်ရဲ့ အရွယ်အစားက ၁၄၈.၂ x ၇၂.၈ x ၈.၃ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၃ ဂရမ်ဖြစ်ပါတယ်။ အရှေ့ဘက်မှာ fingerprint sensor ပါဝင်ပြီး ၀.၂ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။ အရောင်အနေနဲ့ Moonlight Silver, Champagne Gold, Matte Black နဲ့ Electric Light Blue ဆိုပြီး ရရှိနိုင်ပါတယ်။



Meizu M6 ရဲ့တန်ဖိုးက ၆၉၉ ယွမ် (၁၀၅ ဒေါ်လာ) ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။



-နောင်နောင်
 Credit to ==> Internet Journal







0 comments:

Post a Comment