♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

No automatic alt text available.

မေး - အစ်ကိုရေ ဘယ်ဖုန်းပဲဖြစ်ဖြစ် EMMC Partition ကြည့်လို့ရတဲ့ adb Command လေးများရှိရင် ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ မည်သည့်ဖုန်းကိုမဆို ကြည့်လို့ရပါတယ်။ ဒါပေမဲ့ မိမိကြည့်လိုတဲ့ဖုန်းမှာတော့ Root Accesses ရယူထားရပါမယ်။ ပြီးရင် အောက်ပါ Command တွေထဲက နှစ်သက်ရာ Command တွေသုံးပြီး EMMC Partition ထဲမှာရှိတဲ့ Data တွေကို ကြည့်လို့ရပါတယ်။ cat proc/emc, cat proc/partition, cat proc/mtd

မေး - မင်္ဂလာပါအစ်ကို။ Samsung ဖုန်းတွေကို Root မဖောက်ဘဲ မြန်မာဖောင့်ထည့်လို့ ရပါသလားခင်ဗျာ။ ဖြေကြားပေးပါဦး။ ကျေးဇူးတင်ပါတယ်။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ Samsung ဖုန်းတွေကို Root မဖောက်ဘဲ မြန်မာစာသွင်းလို့ရပါတယ်။ Android Version ပေါ်မူတည်ပြီး Display Font နဲ့ English Zawgyi သွင်းတဲ့နည်းတွေနဲ့ မြန်မာစာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းက Huawei Y635-CL00 ပါအစ်ကို။ Screen Security Lock မမှတ်မိတော့လို့ပါ။ အရေးကြီး Data တွေလည်း ဖုန်းထဲက မပျက်ချင်ပါဘူး။ ကူညီပါဦးဗျာ။
ဖြေ - မင်္ဂလာပါခင်ဗျာ။ အစ်ကို့ဖုန်းကို Data မပျက်ဘဲ Lock ဖြည်ဖို့အတွက် ဖုန်းမှာ Bootloader Unlock ဖြစ်ရပါမယ်။ Root Permission ရှိရပါမယ်။ Custom Recovery သွင်းရပါမယ်။ Patter Disable.zip ကို Recovery Mode မှတဆင့် Install လုပ်ပေးရင် ရပါပြီခင်ဗျာ။ အဆင်ပြေပါစေဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Normal SIM ထည့်ရပါတယ်။ SIM ထုတ်လိုက်တဲ့အချိန်မှာ Nano SIM လေးက ထွက်လာပြီး ဘေးဘောင်က ကျန်နေလို့ ဆွဲထုတ်လိုက်တော့ ရသွားတယ်။ ဒါပေမဲ့ SIM ပြန်တက်လိုက်တော့ No SIM ပြနေတယ်။ ဘာဖြစ်တာလဲ မသိဘူးဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်း SIM ကတ်ဘောင်ကို ဆွဲဖြုတ်လိုက်တဲ့အချိန်မှာ SIM Card အထိုင်မှာပါတဲ့ ငုတ်လေးတွေ ကျိုးသွားလို့ ဖြစ်ဖို့များပါတယ်။ SIM Card အထိုင်လဲရင် အဆင်ပြေမှာပါအစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G Play Mini ဖုန်းပါ။ LCD မှာ အဖြူရောင်ပဲပေါ်လို့ ရုပ်မပေါ်လို့ပါဗျာ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ပထမဦးဆုံး LCD အသစ်တစ်ချပ်နဲ့ စမ်းကြည့်ပါဗျာ။ အသစ်မှာလည်း အဲ့လိုပေါ်နေတယ်ဆိုရင် Firmware တင်ကြည့်ပါလား။ ပြုတ်ကျလို့ အများဆုံးဖြစ်တာကတော့ LCD Socket နားက EMI Filter လေးတွေကြောင့် အဖြစ်များပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Huawei G-610 ဖုန်းလေးက Logo တင် လည်နေလို့ပါဗျာ။ အဲ့ဒါ ဘယ်လိုဖြေရှင်းရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ဒီ Error က ပထမဆုံး Firmware အရင်တင်ကြည့်ပါ။ တင်ကြည့်လို့မရမှ Battery လဲကြည့်ပေးပါ။ ကျွန်တော့်အတွေ့အကြုံအရတော့ Battery လဲရင် ကောင်းတာများတယ်။ မရမှ ကျန်တဲ့အပိုင်းကို ပြန်လိုက်ပေးရပါမယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းဆက်လို့မရလို့ပါ။ ကျန်တာအကုန်ရတယ်။ သီချင်းလည်းဖွင့်ရတယ်။ Video လည်း ဖွင့်ရတယ်။ Game ဆော့လို့လည်း ရပါတယ်ဗျာ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းဘေလေး အရင်စစ်ကြည့်ပါ။ စစ်လို့ပြီးရင် *#06#* ကိုနှိပ်ပြီး စစ်ကြည့်ပါ။ အဲ့ဒီမှာ IMEI နံပါတ်ရှိနေတယ်ဆိုရင် Hardware အနေနဲ့ ဖြေရှင်းရဖို့များပါတယ်။ အဲ့ဒီမှာ သေချာချင်ရင်တော့ အပေါ် Bar ကို ဆွဲချကြည့်ပါ။ No Sim လား၊ No Service လားပေါ့ဗျာ။ No Sim ဆိုရင် Sim အထိုင်လဲပေးရမှာမို့ ဆိုင်ကိုသွားပါဗျာ။ No Service ဆိုရင်တော့ Emergency Call ခေါ်ပြီး Clear Network လုပ်ကြည့်ပါ။ မရပါက Firmware တင်ရမှာမို့ ဆိုင်သွားပြပေးပါဗျာ။

မေး - ကျွန်တော့် G6 Huawei ဖုန်းလေးပါဗျ။ အားသွင်းတော့လည်း အားဝင်တာ အရမ်းကြာတယ်။ ဒါတောင်မှ 2% လောက်ပဲတက်တယ်။ အားသွင်းကြိုးဖြုတ်လိုက်တော့လည်း အားသွင်းတဲ့ပုံပြနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အစ်ကိုရေ Charger IC နဲ့ အဲ့ဒီအနီးနားက Component လေးတွေစစ်ပါ။ USB ခေါင်းနားတစ်ဝိုက်လည်း စစ်ပါဦးဗျ။ ဘာရှော့မှလည်း မတွေ့ရဘူးဆိုရင် Power IC ကို အပူပေးပြီး လှုပ်ကြည့်ပါလား။ မရဘူးဆိုမှ Power IC ဖြုတ်လဲပေးပါဗျ။ ကျွန်တော်ကတော့ Power IC လဲလိုက်မှ အဆင်ပြေသွားတာဗျ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










0 comments:

Post a Comment