♪ Sony Xperia L1 - Price – 299,000 ရဲ့ အားသာချက် အားနည်းချက် နဲ့ အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဈေးနှုန်း အလယ်အလတ်စား ဖုန်းဖြစ်ပြီး ကင်မရာပိုင်းမှာ Mega Pixel ကောင်းမွန်တဲ့ ကင်မရာတွေကို အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အကြိုက်တွေ့စေမယ့်ဖုန်းပါ။ CPU နဲ့ GPU ပိုင်းတွေမှာလည်း သင့်တင့်တယ်လို့ ဆိုနိုင်တဲ့အပြင် ဖုန်းရဲ့ရှေ့ဘက်မြင်ကွင်းအတွက် ပွန်းရှခြင်းတွေကို အတန်အသင့် ခံနိုင်ရည်ရှိတဲ့ Scratch-resistant glass နဲ့ ကာကွယ်ပေးထားတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။

အားနည်းချက်
နောက်ပိုင်းထွက်စမတ်ဖုန်းေ တ်ာတော်တော်များများမှာ Fingerprint စနစ်ကို အသုံးပြုလာကြပေမယ့် ဒီဖုန်းမှာတော့ Fingerprint စနစ်မပါဝင်သလို Sensor ပိုင်းတွေအတွက် လည်း အသုံးပြုထားတဲ့ Sensor တွေက နည်းပါတယ်။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ Sony ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ အနားထောင့်လေးဖက် အနည်းငယ် ထောင့်ကျတဲ့ပုံစံမျိုး ရှိနေပြီး ဖုန်းကိုယ်ထည် တစ်ခုလုံးကိုတော့ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မြင်ကွင်းတစ်ခုလုံးမှာ ဘာခလုတ်မှ မပါဝင်တဲ့အတွက် Home, Back, Recent တွေကိုတော့ Touch Screen ပေါ်မှာ အသုံးပြုရမှာပါ။ Volume Key နဲ့ ပါဝါခလုတ်ကိုတော့ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ တပ်ဆင်ပေးထားပြီး Sim Slot ကတော့ဖုန်းရဲ့ဘယ်ဖက်ဘေးဘောင်မှာပါ။ ဖုန်းရဲ့အရွယ်အစားက လက်ထဲမှာ ကိုင်တွယ်အသုံး ပြုတဲ့အချိန်မှာ လက်နဲ့အံဝင်ခွင်ကျ ရှိနေပေမယ့် အလေးချိန်အနည်းငယ် ရှိတယ်လို့တော့ ခံစားရစေပါတယ်။

မြင်ကွင်း
၅.၅ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1280 pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားဖြစ်ပါတယ်။

နည်းပညာ
စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားပြီး Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိတဲ့ စနစ်တွေပါဝင်ပါတယ်။ Selfie စနစ်မှာလည်း ဗီဒီယိုစနစ်၊ Manual ကင်မရာစနစ်၊ AR Effect, Sound Photo အစရှိတဲ့ ကင်မရာအသုံးပြု နည်းပညာတွေ စုံစုံလင်လင်ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်ပါဝင်မှာဖြစ်ပြီး စိတ်ကြိုက် ထိန်းချုပ်အသုံးပြုနိုင်ပါလိမ့်မယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ L1 ဟာဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းတစ်လုံးဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ ကင်မရာနဲ့ ကင်မရာအသုံးပြု  Mode စနစ်တွေက ကောင်းမွန်ပါတယ်။ မှတ်ဉာဏ်ပိုင်းနဲ့ Screen ပိုင်းကတော့ သင့်တင့်တယ်ဆိုတဲ့ အခြေအနေလောက်မှာရှိနေပြီး ပုံစံဒီဇိုင်းပိုင်းနဲ့ အရွယ်အစားကလည်း ကောင်းမွန်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီဖုန်းမှာ Fingerprint စနစ်မပါဝင်တာနဲ့ Sensor ပိုင်းမှာ အားနည်းတဲ့အချက်လေးတွေ ရှိနေတဲ့အတွက် Fingerprint မပါတာကို မကြိုက်ဘူးဆိုရင်တော့ ရွေးချယ်ဖို့ ခက်ပါလိမ့်မယ်။ ဖုန်းမှာပါဝင်တဲ့ဘက်ထရီရဲ့ Capacity ကအရမ်းမြင့်မားတဲ့ အခြေအနေ မျိုးမဟုတ်ပေမယ့် ဖုန်းရဲ့ CPU နဲ့ Screen တွေရဲ့ ပါဝါအသုံးပြုနှုန်းကလည်း သိပ်မများတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ အားသွင်းနှုန်း မြန်ဆန်တဲ့ First Charging လို စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Network GSM – 2G/ 3G
SIM Dual SIM (Nano Sim, Dual Stand-by)
OS Android OS, v7.0
CPU Quad-core 1.45 GHz Cortex-A53
GPU Mali-T720MP2
Memory Internal 16GB, 2GB RAM, Micro SD 256GB
Camera 13 MP, f/2.2, autofocus, LED flash, Geo- tagging, touch focus, face detection, HDR
Video, Secondary 5 MP, f/2.2
Wi-Fi 802.11 a/b/g/n,Wi-FiDirect, hotspot
Bluetooth 4.2, A2DP, LE, aptX
Battery Li-Ion 2620 mAh Battery



သုံးသပ်ချက်များ
ကိုဝင်းမြတ် (စမ်းသပ်အသုံးပြုသူ)
ကင်မရာပိုင်းကတော့ ကောင်းတယ်လို့ပဲ ပြောရမယ်။ Sony ဖုန်းတွေတော်တော်များများက ရေစိုခံအကြမ်းခံအပိုင်းမှာ နာမည် ကြီးပေမယ့် ဒီဖုန်းကတော့ ရေစိုခံဖုန်းမဟုတ်ပဲ ဈေးနှုန်းနည်းနည်းမြင့် နေသလိုတော့ ခံစားရတယ်။ မှတ်ဉာဏ်ပိုင်း၊ CPU, GPU ပိုင်းတွေကတော့ သူ့ဈေးနဲ့ယှဉ်လိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီဈေးနှုန်းအတန်းထဲမှာ ဖုန်းတော်တော်များများက Fingerprint ပါနေပြီး ဒီဖုန်းမှာတော့ Fingerprint မပါဘူးဖြစ်နေတယ်။ အဲဒါကတော့ သိသာထင်ရှားတဲ့ အချက်တစ်ခုလိုဖြစ်နေစေတယ်လို့တော့ ထင်မိတယ်။ Sim Card သုံးရတဲ့အပိုင်းနဲ့ အခြားကင်မရာ အသုံးပြုပိုင်းတွေမှာတော့ ကောင်းပါတယ်။ မှတ်ဉာဏ်ပိုင်း ဒီထပ်နည်းနည်း ပိုများမယ်ဆိုရင်တော့ ဈေးနဲ့ပိုတန်မယ်လို့ ထင်မိတယ်။

ကိုထက်အာကာ (စမ်းသပ်အသုံးပြုသူ)
ကင်မရာပိုင်းကတော့ ကောင်းပါတယ်။ Memory ပိုင်းနဲ့ အခြားဖုန်းထဲမှာ Hardware ပိုင်းတွေမှာလည်း ကောင်းပါတယ်။ ဒါပေမဲ့ Specification နဲ့ ယှဉ်ရင်ဈေးက နည်းနည်းလေး များသလိုတော့ ခံစားရတယ်။ ဒီဈေးနဲ့ဆို Fingerprint ပါရင် ပိုပြီးကောင်းမယ်လို့ ထင်မိတယ်။ ဘက်ထရီကတော့ အသုံးခံတာတွေ့ရတယ်။ ကင်မရာကတော့ သုံးရတာကောင်းပါတယ်။ ဓာတ်ပုံလည်း ပုံထွက်ကောင်း ပါတယ်။

မကေသီဦး (စမ်းသပ်အသုံးပြုသူ)
ဖုန်းရဲ့ Specification တွေကတော့ သိပ်အမြင့်ကြီးမဟုတ်ပေမယ့် သူ့ရဲ့ဈေးနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဖုန်းမှာပါတဲ့ ကင်မရာက ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ CPU, GPU ပိုင်းနဲ့ မှတ်ဉာဏ်ပိုင်းတွေကတော့ အသင့်အတင့်လောက်ပဲ ရှိတယ်လို့ ခံစားရတယ်။ ဒီဇိုင်းနဲ့ ပုံစံအရွယ်အစားကလည်း လက်ထဲမှာကိုင်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ Fingerprint မပါတာကိုတော့ သိပ်သဘောမကျဘူး။ နောက်ပိုင်းထွက် စမတ်ဖုန်းတော်တော် များများမှာ Fingerprint ပါနေတဲ့အတွက် Fingerprint မပါတာကိုတော့ သိပ်သဘောမကျဘူး။





-ကိုသက်

Credit to ==> Internet Journal






0 comments:

Post a Comment