♪ Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင် ♫

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို လှောင်ပြောင်တဲ့ ကြော်ညာ ဗီဒီယိုတစ်ခုကို Facebook မှာ တင်ထားပါတယ်။ 

ဗီဒီယိုမှာ လူပျက်တစ်ယောက်ရဲ့ မျက်နှာကို အာရုံခံတဲ့ စနစ်ဟာ အားနည်းချက် ရှိနေတာကို ပြသထားတဲ့အတွက် Apple က iPhone X ရဲ့ Face ID ကို စင်ပေါ်မှာ သရုပ်ပြစဉ်မှာ Error ဖြစ်ခဲ့မှုကို လှောင်ပြောင်ထားခြင်း ဖြစ်နိုင်ပါတယ်။ #TheRealAIPhone 16.10.2017 ဆိုတဲ့ စာသားကို ဗီဒီယို အဆုံးမှာ ရေးသားထားတဲ့အတွက် Huawei က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ စွမ်းဆောင်ရည်မြင့် Mate 10 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ 

Apple က စမတ်ဖုန်းလောကမှာ ပထမဆုံးအနေဖြင့် ဥာဏ်ရည်တု နည်းပညာပါတဲ့ A11 Bionic Chip ကို iPhone X မှာ ထည့်သွင်းပေးခဲ့ပါတယ်။ Huawei ကလည်း ယခင်လမှာ ကျင်းပခဲ့တဲ့ Berlin IFA နည်းပညာပြပွဲမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Kirin 970 SoC ကို မိတ်ဆက်ပြသခဲ့ပြီး သာမာန် Processor များထက် အဆ ၂၀ ပိုမိုလျှင်မြန်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် စွမ်းအင် စားသုံးမှုကလည်း အလွန် လျော့နည်းလာပါတယ်။ 

Huawei က စွမ်းရည်မြင့် Specifications များပါတဲ့ တန်ဖိုးမကြီးတဲ့ စမတ်ဖုန်းဈေးကွက် ကြီးစိုးနေတဲ့ တရုတ်မှာတော့ ၉၉၉ ဒေါ်လာတန် iPhone X ကို Mate 10 က ကောင်းစွာ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။




Credit to ==> DigitalTimes.com.mm









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment