♪ Windows 10 မှာ ဓာတ်ပုံတစ်ပုံက ကိုယ်ရေးအချက်အလက်တွေကို ဘယ်လို ဖယ်ရှားမလဲ ♫


သင်ဟာ ဓာတ်ပုံတွေကို ရိုက်ကူးပြီး ကွန်ပျူတာမှာ ထည့်သွင်းအသုံးပြုတယ်ဆိုရင် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ ပါဝင်နေတဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို စမတ်ဖုန်းကနေ ရိုက်ကူးလိုက်တယ်ဆိုရင် ရိုက်ကူးတဲ့ device အမျိုးအစား focal length, ISO speed, Exposure, Flash settings အစရှိတာတွေ ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ အချက်အလက်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက်ဆိုရင် ပထမဆုံး ဓာတ်ပုံပေါ်မှာ right-click နှိပ်လိုက်ပါ။ ပြီးရင် Properties ဆိုတာကိုရွေးရပါမယ်။



ပြီးရင် အဆိုပါ ပုံရဲ့ Properties ကိုရောက်ပြီဆိုရင် Details ဆိုတဲ့ tab ကိုရွေးလိုက်ပါ။



နောက်တစ်ဆင့်ကတော့ Remove properties and personal Information ဆိုတာကို နှိပ်ပါ။ Remove all the following properties from this file ဆိုတဲ့ radio button ကိုရွေးချယ်ပြီး ကိုယ်ဖယ်ရှားချင်တဲ့ info တွေကို select လုပ်ကာ Ok ကို နှိပ်လိုက်တယ်ဆိုရင် ဓာတ်ပုံပေါ်က အချက်အလက်တွေကို ဖယ်ရှားရှင်းလင်းပြီးပြီ ဖြစ်ပါတယ်။






-သီဟ
Credit to ==>Internet Journal







www.pyaephyo.com
 
 
 





0 comments:

Post a Comment