
Apple သည် ပွဲအတွင်း ၎င်းတို့၏ Facial recognition feature အသစ်ဖြစ်သော Face ID သုံးမရဘဲဖြစ် ခဲ့ခြင်းအပေါ် ရှင်းလင်းချက်
ထုတ်ပြန်ပေးခဲ့သည်။ ကုမ္ပဏီ၏ အဆိုအရဖုန်း၏ Face ID ကို နမူနာပြ၍
မရခဲ့ခြင်းမှာ ပွဲမတိုင်ခင် ယူဆောင်လာသောဝန်ထမ်းကြောင့် ဖြစ်သည်ဟုဆိုသည်။ Apple ၏ Software chief မှ အဆိုပါပြဿနာကို ဖုန်းအပိုဖြင့် ပြောင်းလဲနမူနာပြ၍ ဖြေရှင်းခဲ့ပြီးကောင်းစွာ အလုပ်လုပ်ကြောင်းတွေ့ ကြရသည်။
မည်သို့ဆိုစေထိုကဲ့သို့ Face ID သုံးမရသည့် သတင်းမှာများစွာပျံ့နှံ့သွားခဲ့သည်။ စင်မြင့်ပေါ်တွင် ပြသရန်အတွက် လူများစွာမှ ပွဲမတိုင်မီဖုန်းကိုကိုင်တွယ်ခဲ့ကြပြီး Face ID မှ ၎င်းတို့၏ မျက်နှာများကိုဖတ်၍ အတည်ပြုပေးရန် ကြိုးစားနေသည်ကို မသိမိခဲ့ကြကြောင်းအမည်ဖော်ပြခြင်းမရှိသည့် ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။
ဖုန်းမှာပိုင်ရှင်ဟုသတ်မှတ်ထားသော
Craig ၏ မျက်နှာမဟုတ်သဖြင့် အကြိမ်အနည်းငယ် Fail အဖြစ် သတ်မှတ်ပြီးနောက်
မူလသတ်မှတ်ပုံစံအတိုင်း passcode ကိုသာ ပြောင်းလဲတောင်းဆိုခဲ့သည်ဟုသိရသည်။
Apple မှ အဆိုပါပွဲတွင် Face ID သည် အလွန် လွယ်ကူပြီး Fingerprint Touch
ID စနစ်ထက် ပိုမိုတိကျသည်ဟုဆိုခဲ့သည်။ iPhone X တွင် Fingerprint Touch ID
အတွက် sensor လည်း ပါဝင်ခြင်းမရှိကြောင်းသိရှိရသည်။ ထိုအဖြစ် အပျက်မှာ 2 နာရီကြာမြင့်သည့် ပွဲအတွင်းတွင် 10 စက္ကန့်မျှသာ ကြာသောအဖြစ်အပျက်ဖြစ်သော်လည်းကုမ္ပ
ဏီ၏စကားကို သံသယ၀င်သွားနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်လာ ခဲ့သည်။
Face ID သည် မျက်နှာကို 2 ကြိမ်အတွင်းမသိရှိနိုင်ပါက disable ဖြစ်သွားမည်ဖြစ်သည်ဟုအတည်ပြုခဲ့သည်။ iPhone X ကို နိုဝင်ဘာမှ ရောင်းချမည် ဖြစ်ရာ Face ID နှင့် ပတ်သက်၍ လက်တွေ့စမ်းသပ်နိုင်ရန် ကာလတစ်ခုစောင့်ဆိုင်းရဦးမည်ဖြစ်သည်။
မိုးထက်
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
မည်သို့ဆိုစေထိုကဲ့သို့ Face ID သုံးမရသည့် သတင်းမှာများစွာပျံ့နှံ့သွာ
ဖုန်းမှာပိုင်ရှင်ဟုသတ်မှတ်
Face ID သည် မျက်နှာကို 2 ကြိမ်အတွင်းမသိရှိနိုင်ပါက disable ဖြစ်သွားမည်ဖြစ်သည်ဟုအတည်ပြ
မိုးထက်
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment